ကော့သောင်းတွင် ဗုဒ္ဓဂါယာဘုရားဖူး မဲပေါက်သည်ဟုဆိုကာ ငွေလိမ်

0
421

ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်အတွက် မဲပေါက်သည်ဟုဆိုကာ ငွေသိန်းချီ အလိမ်ခံခဲ့ရကြောင်း ကော့သောင်းမြို့ နယ်၊ ပုလုံးတုံတုံကျေးရွာအုပ်စု ရွာသား အချို့ထံမှ သိရသည်။ ပုလုံးတုံးကျေးရွာအုပ်စု၊ ရွာသာ ယာကျေးရွာတွင် အောက်တိုဘာလ ၆ ရက်က အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး လာရောက်ကာ ဗုဒ္ဓဂါယာ ဘုရား ဖူး ပို့ဆောင်ရေး ကြော်ငြာဗီနိုင်းပြားများ ပြပြီး လိမ်လည်ခဲ့ကြောင်း အလိမ်ခံခဲ့ရ သည့် ရွာသားများက ပြောသည်။

“အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာဘုရားဖူး အစ်မတို့အိမ်မဲပေါက်တယ် တစ်ယောက် ကို ၁၅သိန်း ပဲပေးရမယ် ၊ မဲမပေါက်ဘဲ သွားမယ်ဆို ၂၅ သိန်းလောက် ရှိတယ် လို့ပြောပြီး ဖြားယောင်းတယ်”ဟု အလိမ်ခံရသူ၏ မိသားစုဝင်တစ်ဦးဖြစ် သည့် ဒေါ်စန်းဝေက ဆိုသည်။ လာရောက်လိမ်လည်သူများက စ ရန်ငွေတစ်ဝက်ကြိုပေးရမည်ဟု ပြော ဆိုခဲ့သော်လည်း ရွာသားလေးဦးက စရံ၏ တစ်ဝက်ဖြစ်သည့် ကျပ် ၇ သိန်း ခွဲအပြည့်မပေးနိုင်ကြသဖြင့် ၇သိန်း၊ ၆သိန်း၊ ၄သိန်း၊ ၃သိန်းခွဲ စသဖြင့် ပေး လိုက်ကြကြောင်း အလိမ်ခံခဲ့ရသူများထံ မှ သိရသည်။

စရန် ငွေတောင်းယူကြပြီးနောက် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်ရှိ ၄င်းတို့၏ ရုံးထံသို့ နိုဝင်ဘာလ ၃ ရက် တွင် နေ့လယ် ၁၂ နာရီအရောက် လာရောက် ရန်မှာခဲ့ကြောင်း ၄င်းတို့က ပြောသည်။ သို့သော် နိုဝင်ဘာလ ၃ ရက်တွင် ၄င်းတို့ပြောခဲ့သည့် ရုံးကို သွားရောက်ရှာ ဖွေရာ ရုံးကို မတွေ့ရသည့်အပြင် ၄င်းတို့ ပေးခဲ့သည့် ဖုန်းနံပါတ်ကိုလည်း ဆက် သွယ်၍ မရတော့ကြောင်း အလိမ်ခံခဲ့ရသူ တစ်ဦးဖြစ်သည့် ဒေါ်မီးဇာက ပြောသည်။ “အဲဒီနေ့ မတိုင်ခင်ကလည်း ဖုန်း ဆက်သေးတယ်။လုံးဝကို အဆက်အသွယ် မရတော့ဘူး”ဟု ဒေါ်မီးဇာက ဆိုသည်။

ရွာသာယာကျေးရွာသည် ကော့ သောင်းမြို့မှ ရေမိုင် ၂၀ မိုင်ခန့် ကွာဝေး သည့် ပင်လယ်ရွာတစ်ရွာ ဖြစ်သည်။ ယင်းကဲ့သို့ ငွေကြေးလိမ်လည်ယူ သွားသူများကို မမှတ်မိသော်လည်း ရဲ တပ်ဖွဲ့ထံ အမူ့ဖွင့်တိုင်ကြားသွားမည် ဖြစ်ကြောင်း ငွေအလိမ်ခံသူများက ဆို သည်။ ကော့သောင်း အပါအဝင် တနင်္သာရီ တိုင်းတွင် ထီလက်မှတ်ဘန်းပြလိမ်လည် ခြင်း၊ ကော်ဖီမစ်ကံစမ်းမဲဘန်းပြ လိမ် လည်ခြင်း စသဖြင့် နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။