ထားဝယ် ငါးပိ အရည်အသွေးပြိုင်ပွဲ ကျင်းပမည်

0
477

ထားဝယ်ဒေသထွက်ကုန်ဈေး ရောင်းပွဲတော်နှင့် ဒေသထွက် ငါးပိ အရည်အသွေးပြိုင်ပွဲကို နိုဝင်ဘာလ တတိယအပတ်တွင် ကျင်းပမည်ဖြစ် ကြောင်း ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်း ရှင်များအသင်းထံမှ သိရသည်။ အဆိုပါဈေးရောင်းပွဲကို ထားဝယ် မြို့ရှိ ကမ်းနားလမ်းတွင်ကျင်းပမည်ဖြစ် ပြီး ငါးခြောက်၊ ပုဇွန်ခြောက်၊ သီဟိုစေ့၊ မုန့်လက်သုပ်၊ ထားဝယ်မုန့်ဟင်းခါး စသည့် ဒေသထွက် စားသောက်ကုန်များ နှင့် စားသောက်ဖွယ်ရာများကိုသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

၎င်းအပြင် ပြိုင်ပွဲဝင်များလာရောက် ပြသသည့် ငါးပိများကိုဒိုင်အဖွဲ့ဖြင့် အရည်အသွေးကို အကဲဖြတ်ပြီး အကောင်းဆုံး ငါးပိကို ရွေးချယ်ကာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဒေါ်မိုးမိုးသူ က ပြောသည်။ ဈေးရောင်းပွဲတော်နှင့် ငပိအရည် အသွေးပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ပြုလုပ်မည်ဖြစ်သည်။

တန်ဆောင်တိုင်ပွဲတော်ကို လာ ရောက်ကြမည့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန်နှင့် ဒေသထွက်ကုန် အပေါ် စိတ်ဝင်စားမှုမြင့်တက်လာစေရန် ရည်ရွယ်ကြောင်း ၄င်းက ဆိုသည်။ “ခရီးသွားမြှင့်တင်တဲ့ ပုံစံမျိုး၊ ခရီး သွားကာလမှာ တန်ဆောင်တိုင်ပွဲတော်နဲ့ အတူ ဒီလိုActivity( လှုပ်ရှားမှု) တွေရှိတယ်ဆိုတာ ခရီးသွားတွေ စိတ်ဝင် စားအောင်ပါ”ဟု ဒေါ်မိုးမိုးသူက ပြော သည်။

ငါးပိအရည်အသွေးပြိုင်ပွဲကို ကျင်း ပရခြင်းမှာ ထားဝယ်ဈေးကွက်တွင် အခြားဒေသထွက်ငါးပိက နာမည်ရကာ ရောင်း အားကောင်းနေပြီး ဒေသထွက် ငါးပိကို စိတ်ဝင်စားမှုနည်းနေသည့် အတွက်ကျင်းပခြင်းဖြစ်ကြောင်း ဒေါ်မိုး မိုးသူက ပြောသည်။ ဒေသထွက်ကုန်ပစ္စည်းများကို ထားဝယ်ဒေသသို့ လာရောက်သည့် ခရီး သွားများ ပိုမိုသိရှိလာစေရန် ရည်ရွယ် လုပ်ဆောင်မှုအပေါ် ကြိုဆိုရမည်ဖြစ် ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သည့် ဦးမြတ်ဇော်က ဆိုသည်။ “ဒီလိုမျိုးဈေးရောင်းပွဲတွေကို တ ခါတလေမှ လုပ်တာထက် ခရီးသွား တွေ လာရောက်မှုများတဲ့ အချိန်တွေဆို တစ်လမှာ နှစ်ခါလောက် လုပ်သင့်တယ်”ဟု ဦးမြတ်ဇော်က ပြောသည်။ ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ ဖြစ်သည့် အောက်တိုဘာလ ၂၁ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) သည် ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပ လေ့ရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ မြို့တွင်း လှည့်လည်အပူဇော်ခံမည့်နေ့ ဖြစ်သည်။