တိုင်းအတွင်း အလယ်တန်းကျောင်းအုပ် နှစ်ဆယ်ကျော် ရာထူးတိုး

0
365

တနင်္သာရီတိုင်းအတွင်းရှိ အလယ် တန်းကျောင်းအုပ်ဆရာ နှစ်ဆယ်ကျော် အထက်တန်းကျောင်းအုပ်ကြီးများအ ဖြစ် ရာထူးတိုးခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ အလယ်တန်းကျောင်းအုပ်ကြီးမှ အထက်တန်းကျောင်းအုပ်ကြီးအဖြစ် ရာထူးတိုးသည့်အမိန့်ကို ယခုလ ၁ ရက် က ထုတ်ပြန် ကြေညာခဲ့သည်။

အလယ်တန်းကျောင်းအုပ်ကြီးမှ အထက်တန်းကျောင်းအုပ်ကြီးအဖြစ် ၂၂ ကိုဇော် မိုးမြင့် ထားဝယ်၊ နိုဝင်ဘာ ၉ ထားဝယ်၊ နိုဝင်ဘာ ၉ ထားဝယ်၊ နိုဝင်ဘာ ၉ ဦး ရာထူးတိုးခဲ့ပြီး တိုင်းအတွင်းမှာပင် တာဝန်ပြန်ကျသည့် ကျောင်းအုပ်ကြီး ၁၆ ဦးရှိကာ ကျန်သည့် ကျောင်းအုပ်ကြီး များက အခြားတိုင်းနှင့် ပြည်နယ်များသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရကြောင်း ၄င်းက ဆိုသည်။ “ရာထူးတိုးတဲ့ ကျောင်းအုပ်ကြီးတွေ က တာဝန်ကျတဲ့နေရာကို ပြောင်းတဲ့သူ လည်း ပြောင်းသွားကြပြီ၊ အမြန်ဆုံး အလုပ်ဝင်ပါလို့ ညွှန်ကြားထားတယ်”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ အလယ်တန်းကျောင်းအုပ် ကြီးလုပ်သက် နှစ်နှစ်ပြည့်ပါက အထက် တန်းကျောင်းအုပ်ကြီးအဖြစ် လျှောက် ထားခွင့်ရှိပြီး ရာထူးတိုးခန့်ထားခြင်းကို တစ်နှစ်တစ်ကြိမ်လုပ်လေ့ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ရာထူးတိုးသွားသည့်အတွက် လစ် လပ်သွားသည့် အလယ်တန်းကျောင်း အုပ်ကြီးနေရာများကို အထက်တန်းပြ လုပ်သက် ၃ နှစ်ရှိပြီး B.Ed ဘွဲ့ရပြီး သည့်အပြင် အလယ်တန်းကျောင်းအုပ် စာမေးပွဲ ဖြေဆိုအောင်မြင်သူများကို ပညာရေးဌာနရုံးချုပ်က ခန့်ထားရန် အစီ အစဉ်ရှိကြောင်း ဒေါ်မြင့်စိန်က ဆိုသည်။

ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ စာရင်းများအရ တိုင်းအတွင်း အထက် တန်းကျောင်းအုပ်ကြီးနေရာ ၇၆ နေရာရှိ သည့်အနက် ၇၅ ဦး ခန့်ထားပြီးဖြစ် ကြောင်း တိုင်းပညာရေးမှူးရုံး စာရင်း အရ သိရသည်။ အောက်တိုဘာလ စာရင်းများအရ အလယ်တန်းပြကျောင်းအုပ်ကြီးနေရာ ၁၄၀ နေရာရှိပြီး ၁၁၁ ဦးခန့်ထားပြီးဖြစ် ကာ ၂၉ ဦး လစ်လပ်နေကြောင်း အထက် ပါရုံးထံမှ သိရသည