မန္တလေးတောင်သုံးတောင် စက်ဘီးပြိုင်ပွဲဝင် ထားဝယ်သားနှစ်ဦးစလုံး ဆုချိတ်

0
386

မန္တလေးမြို့၌ ကျင်းပခဲ့သော တောင်သုံးတောင် တောင်တက်ခရီးကြမ်း ပြည်နယ်နှင့်တိုင်းပေါင်းစုံ ဖိတ်ခေါ် စက် ဘီးပြိုင်ပွဲသို့ ထားဝယ်သားနှစ်ဦး သွား ရောက်ယှဉ်ပြိုင်ခဲ့ရာနှစ်ဦးစလုံး ဆုကိုယ် စီချိတ်ခဲ့ကြောင်းကာယကံရှင်များထံမှ သိရသည်။ တောင်သုံးတောင် ပြိုင်ပွဲ၏ ပရို-၂ (Pro-2) အဆင့်ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုလင်းပြည့်ဖြိုး ကဒုတိယ၊ အသက် ၂၅ နှစ်အောက်အဆင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုမြတ်နိုးက စတုတ္ထဆုတို့ ရရှိခဲ့ကြခြင်းဖြစ်သည်။

တောင်သုံးတောင်ပြိုင်ပွဲကို မန္တလေး မြို့ နန်းတော်ရာအနီးရှိ ဒိုင်းမွန်းစင် တာရှေ့တွင်တာစလွှတ်ခဲ့ပြီး မန္တလေး တောင် အတက်အဆင်း၊ ယင်းမှတစ်ဆင့် လယ်တောလမ်းကို ဖြတ်ကာ ရန်ကင်း တောင် အတက်အဆင်း၊ ယင်းမှတစ်ဆင့် တောလမ်းအတိုင်းဖြတ်ကာ ရေတံခွန် တောင်ကို တက်ပြီးနောက် ယင်းတောင် နှင့် တစ်ဆက်တည်းရှိ ထူးမတောင်တွင် ပန်းဝင်ခဲ့ကြောင်း ကိုလင်းပြည့်ဖြိုးက ပြောသည်။ ၆၅ ကီလိုမီတာခရီးရှိသော တောင် ၃ တောင်ပြိုင်ပွဲကို အောက်တိုဘာလ ၁၄ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး တစ်ဦးက ထားဝယ်မြို့မှ စက်ဘီးဝါသနာ ရှင်များ၏ အထောက်အပံ့ဖြင့် သွား ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုပြိုင်ပွဲတွင် အုပ်စုလိုက် ဝင် ရောက်ယှဉ်ပြိုင်သူများရှိပြီး မိမိတို့အုပ်စု မှ ဆုယူမည့်သူကို ကျန်ပြိုင်ဘက်များ ကျော်မတက်နိုင်ရန် ကာပေးထားကြ သဖြင့် တစ်ပန်းသာခဲ့ပြီး တစ်ယောက် ချင်းဝင်ပြိုင်သူများကခက်ခဲစွာ ယှဉ်ပြိုင် ကျော်တက်ခဲ့ရကြောင်း ကိုလင်းပြည့်ဖြိုး က ပြောသည်။ “ဒီအားကစားနည်းကို သိတဲ့သူ၊ စိတ်ပါဝင်စားသူတွေကပဲ ပံ့ပိုးနေကြတာ ပါ။ ဒီလိုပွဲတွေက ဌာနဆိုင်ရာပွဲမဟုတ် တော့ ဌာနဆိုင်ရာက ပံ့ပိုးမှု မရှိဘူးပေါ့ “ဟု ကိုလင်းပြည့်ဖြိုးက ပြောသည်။ ယင်းဖိတ်ခေါ်ပွဲတွင် Pro-2 ဒုတိယဆုအတွက် ဆုငွေ ၂ သိန်း၊ ၂၅ နှစ်အောက် စတုတ္တဆုအတွက် ဆုငွေ ၇ သောင်း အသီးသီးရရှိခဲ့ကြောင်း ပြိုင် ပွဲဝင်များထံမှ သိရသည်