ထားဝယ်တန်ဆောင်တိုင် ရုပ်သံမှတ်တမ်း ရိုက်ကူးမည်

0
562

ထားဝယ်မြို့တွင် ထင်ရှားသည့် တန်ဆောင်တိုင်ပွဲအကြောင်းကို မိနစ်သုံး ဆယ်မှ တစ်နာရီအကြားရှိ ရုပ်သံမှတ် တမ်းတစ်ခုကို ရိုက်ကူးကာ လူမှုကွန် ယက်မှတစ်ဆင့် ဖြန့်မည်ဖြစ်ကြောင်း ယင်းမှတ်တမ်းရုပ်သံ ရိုက်ကူးမည့ှ် Studio LAH
ထံမှ သိရသည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် ယခင်ကရိုက်ကူးနေကျပုံစံအတိုင်းမ ဟုတ်ဘဲ ထားဝယ်တန်ဆောင်တိုင်ပွဲ (နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ) အတွက် ကြို တင်ပြင်ဆင်နေမှု၊ ပွဲတော်ကာလ၊ ပွဲ တော်ကျင်းပပြီးအချိန်၊ အင်တာဗျူးကဏ္ဍ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း  Studio LAH
တည်ထောင်သူ ကိုချန်ဟိန်းက ပြောသည်။ ယင်းရုပ်သံမှတ်တမ်းအား တန် ဆောင်တိုင်ပွဲကျင်းပပြီး တစ်ပတ်ခန့် အကြာတွင် Studio LAH Facebook,YouTube တို့မှတစ်ဆင့် လူအများ ကြည့်ရှု နိုင်ရန် ဖြန့်ချိမည်ဖြစ်ကြောင်း ကိုချန်ဟိန်းကပြောသည်။

“တောင်ကြီးမီးပုံပျံပွဲဆို လူတိုင်း သိတယ်။ ထားဝယ်တန်ဆောင်တိုင်ပွဲဆို ရင် သိတဲ့သူနည်းတယ်။ အဲဒါကြောင့် မြန်မာတစ်နိုင်ငံလုံး သိနိုင်အောင်၊ လူစိတ်ဝင်စားမှုပိုများလာအောင် ဒီ Documentary (ရုပ်သံမှတ်တမ်း) ကို ရိုက်ပြီးလွှင့်မှာပါ”ဟု ကိုချန်ဟိန်းက ဆိုသည်။ ယင်းအပြင် ဒေသအတွင်း ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတက်လာစေရန် အတွက်လည်း ရည်ရွယ် ရိုက်ကူးခြင်းဖြစ် ကြောင်း ၄င်းကဆိုသည်။

ယင်းရုပ်သံမှတ်တမ်းအား နိုဝင် ဘာလ ၇ ရက်မှ စတင်ရိုက်ကူးနေပြီဖြစ်ပြီး ရိုက်ကူးရေးအတွက် မြေပြင်မြင်ကွင်း ရိုက်ကူးမည့် ကင်မရာသမား၊ ကောင်း ကင်မြင်ကွင်းရိုက်ကူးမည့် ဒရုန်းရိုက်ကူး ရေးသမား၊ အင်တာဗျူးအဖွဲ့ စသည်ဖြင့် လူတစ်ဆယ်ကျော်ခန့်ပါဝင်မည်ဖြစ် ကြောင်း ၄င်းကပြောသည်။ ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားများ ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညတွင် ညလုံးပေါက် လှည့်လည် အပူဇော်ခံလေ့ရှိပြီး ထားဝယ်တန်ဆောင် တိုင်ပွဲတော်သည်လည်း အနယ်နယ် အရပ်အရပ်မှ ဘုရားဖူးခရီးသည်များဖြင့် စည်ကားသည့် ပွဲတော်တစ်ခု ဖြစ်သည်။