ဒူးရင်းသီးရုပ်လုံး သရက်ချောင်းမြို့အဝင် ဆိုင်းဘုတ် ခရီးသွားများ မျက်စိကျ

0
1039

ဒူးရင်းသီးရုပ်လုံးများဖြင့် ပုံဖော် ထားသည့် သရက်ချောင်းမြို့အဝင်ဆိုင်း ဘုတ်မှာ ဒေသခံများနှင့် ခရီးသွားများ အကြား ဓာတ်ပုံရိုက်သည့်နေရာတစ်ခု အဖြစ် ခေတ်စားလျက်ရှိသည်။
WELCOME TO THAYETCHAUNG  ဆိုင်းဘုတ်ကို လွန်ခဲ့သည့် နှစ်လခန့်က တပ်ဆင်ခဲ့ သော်လည်း လူသိမများခဲ့ဘဲ သီတင်း ကျွတ်ပထမရက်တွင် ဒူးရင်းသီးရုပ်လုံး များထားပြီးနောက်မှ လူသိများလာခဲ့ခြင်း ဖြစ်သည်။

သီတင်းကျွတ်လပြည့်နေ့မှ စ၍ ယင်းဆိုင်းဘုတ်တွင် ဓာတ်ပုံလာရိုက်ကြ သူများဖြင့် စည်ကားခဲ့ကြောင်း သရက် ချောင်း မြို့အဝင်ဆိုင်းဘုတ်အနီးတွင် နေထိုင်သူ ဒေါ်စုစုထွေးက ပြောသည်။
“သီတင်းကျွတ်တုန်းကဆို သုံးရက် လုံးလုံး ပွဲတော်လိုပဲ လူတွေတစ်နေ့ကို နှစ်ရာ၊ သုံးရာအထိ ရှိမယ်။ တစ်ချို့ဆို ကိုယ်ဓာတ်ပုံရိုက်ဖို့ လူတိုးနေလို့ မရိုက် ရဘဲ ပြန်သွားရသူတွေတောင် ရှိတယ်”ဟု ဒေါ်စုစုထွေးက ဆိုသည်။
ညဘက်တွင် မီးရောင်မရှိသည့် အတွက် ဆိုင်ကယ်မီးထိုး၊ ကားမီး အလင်းရောင်ကို အသုံးပြု၍ပင် ဓာတ်ပုံ ဆင်းရိုက်သည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြောသည်။

“သရက်ချောင်းမြို့မှာက ဒူးရင်း သီးထွက်တာဆိုတော့ ဒူးရင်းသီးပုံလေးနဲ့ ဆို လိုက်မလားလို့ အမြင်လေးလည်း ဆန်းအောင် လုပ်ဖြစ်သွားတာပါ။ တိုင်း ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွဋ်က ညွှန် ကြားပေးမှုကြောင့် သူ့ရဲ့အိုင်ဒီယာ လေး ကို ကျွန်တော်တို့က အကောင်အထည် ဖော်ဖြစ်သွားတာပါ”ဟု သရက်ချောင်း မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးဝင်းမျိုးထိုက်က ပြောသည်။
လက်ရှိအစိုးရ လက်ထက်တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့တွင် လည်း မြို့အဝင်ဆိုင်းဘုတ်များကို ဒီဇိုင်း ပုံစံအသစ်များဖြင့် ပုံဖော်ခဲ့ပြီး ကော့သောင်း မြို့တွင် လင်းပိုင်သုံးကောင်၏ ပုံဖြင့် ပုံဖော်ထားသည်။