KG တန်း ဒီဇင်ဘာတွင် စာစသင်ရမည်

0
714

KG တန်းကျောင်းသား၊ ကျောင်း သူများကို ဒီဇင်ဘာလမှစပြီး အက္ခရာ အရေး၊ အဖတ်များကို စတင် သင်ကြား ရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။
KG တန်းတွင် မြန်မာဗျည်း အက္ခရာ၊ အင်္ဂလိပ် အက္ခရာ၊ အင်္ဂလိပ် ကိန်း၊ သင်္ချာအခြေခံ၊ ပုံဆွဲခြင်းနှင့် ဆေးချယ်ခြင်း စသည့်ဘာသာရပ် ငါးခု ကို သင်ကြားရမည်ဖြစ်ကြောင်း တိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။
ယင်းဘာသာရပ်များကို ဒီဇင်ဘာ လမတိုင်ခင် သင်ကြားခွင့်မရှိဘဲ စာသင် နှစ်၏ နောက်ဆုံးသုံးလတွင်သာ သင် ကြားရမည်ဟု အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

“လာမဲ့နှစ် Grade 1  (ပထမတန်း) မှာ အက္ခရာတွေအကုန် စသင်ရတော့မှာ လေ။ အခုကတည်းက ကြိုသင်ပေးထား တော့ နောက်တစ်နှစ်မှာ သင်ကြားရေး အတွက် အထောက်အကူဖြစ်တာပေါ့” ဟု ဒေါ်မြင့်စိန်က ဆိုသည်။
ယမန်နှစ်အတွေ့အကြုံများအရ KG တန်းတွင် သုံးလသာ အက္ခရာ ရေး သင်ပါက လာမည့်နှစ် Grade 1 (ပထမတန်း)တွင် ကျောင်းသားများ အက္ခရာ အရေး၊ အဖတ်ပိုင်းတွင် အား နည်းလေ့ရှိကြောင်း လောင်းလုံးမြို့နယ်ရှိ KG တန်းသင် ဆရာမတစ်ဦးက ပြော သည်။
ယင်းအတွက်ကြောင့် အချို့ ကျောင်း များတွင် KG တန်းတွင် စာရေးသား ခြင်းကို ဒီဇင်ဘာမတိုင်ခင်ကတည်းက သင်ကြားလေ့ရှိကြောင်း အထက်ပါ ဆရာမက ပြောသည်။

အခြေခံပညာဦးစီးဌာန၏ စည်း ကမ်းအရမူ နှစ်စဉ် ဒီဇင်ဘာမတိုင်မီ ကျောင်းသား၊ ကျောင်းသူများကို စိတ် ကူး၊ တီထွင်မှုကို ဦးစားပေးသည့် ကစား ခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည်တို့ကို သာ သင်ကြားပေးရမည်ဖြစ်ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။
တနင်္သာရီတိုင်းတွင် KG တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ခြောက်သောင်းကျော် (၆၄၀၃၈) ဦး ရှိ ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရ သည်။