အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား စစ်ဆေးချိန် ရဲမေနှင့် အမျိုးသမီး ရှေ့နေထားပေးရန် တောင်းဆို

0
400

တနင်္သာရီတိုင်းအတွင်း အိမ်တွင်း အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုစသဖြင့် အမှုများတွင် အကြမ်းဖက် ခံရသည့် အမျိုးသမီးများအား စစ်ဆေး ချိန်တွင် ရဲမေ၊ အမျိုးသမီး ရှေ့နေများ ထားရှိပေးရန်နှင့် လုံခြုံသည့်နေရာ ဖန် တီးပေးရန် ထားဝယ်အမျိုးသမီးသမဂ္ဂက တောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၃၁ ရက်က ထား ဝယ်မြို့တွင် ကျင်းပသည့် တနင်္သာရီ တိုင်းဒေသကြီး အတွင်း အမျိုးသမီးနှင့် မိန်း ကလေးငယ်များအပေါ် အကြမ်း ဖက်မှု ဆန့်ကျင်ရေးလုပ်ငန်းစဉ် အခြေ အနေနှင့် အတွေ့အကြုံများ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ခြင်း ဖြစ် သည်။

ထားဝယ်အမျိုးသမီးသမဂ္ဂ အနေ ဖြင့် အမျိုးသမီး အကြမ်းဖက်မှု ကိစ္စများ ကို ၂၀၁၄ ခုနှစ်မှစပြီး ကူညီပေးလျက်ရှိ ရာ ရဲစခန်းနှင့် တရားရုံးများတွင် မုဒိမ်း မှုများ စစ်ဆေးရာတွင် အများ အားဖြင့် အမျိုးသမီးဝန်ထမ်းများ စစ်ဆေးခြင်း မရှိကြောင်း ယင်းသမဂ္ဂ အထွေထွေ အတွင်းရေးမှူးနန်းမာလာက ပြောသည်။
“ဒီအကြမ်းဖက်ခံရတဲ့ သူတွေက ကျွန်မတို့လို အမျိုးသမီးတွေကိုဆို သူတို့ ဖြစ်တာကို အကုန်လုံး ပြောရဲတယ်။ အမျိုးသားရဲတွေကို မပြောရဲတော့ဘူး၊ ရှက်တာပေါ့”ဟု နန်းမာလာက ပြော သည်။

ထားဝယ်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးကမူ အမျိုးသမီးနှင့် သက်ဆိုင် သည့်အမှုများကို စစ်ဆေးရာတွင် စခန်း မှူး၏တာဝန်ပေးချက်အရ အမျိုးသမီး ရဲမေများကသာ အမှုစစ်ဆေးလေ့ရှိပြီး ယင်းစစ်ဆေးတွေ့ရှိချက်ကို စခန်းမှူးထံ အစီရင်ခံရကြောင်း ပြောသည်။
“အဲဒါက အရင်ကတည်းက အမျိုး သမီးရဲမေဆိုပြီး တရားဝင်ယူနီဖောင်း မရှိခင်ကတည်းက ရဲအရာရှိတွေရဲ့ ဇနီး တွေက တာဝန်ယူပြီး စစ်ဆေးနေတာ” ဟု အဆိုပါရဲအရာရှိက ဆိုသည်။

ယခုနှစ်အတွင်း အမျိုးသမီးသမဂ္ဂ အနေဖြင့် ကူညီပေးလာခဲ့သည့် အမှုနှစ် ရာနီးပါးစလုံးတွင်မူ အမျိုးသမီး ရဲအရာရှိက စစ်ဆေးခဲ့ခြင်း မရှိကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂ မြိတ်တာဝန်ခံ မယ်ပြုံးမာလွင်က ပြောသည်။
အမျိုးသမီးအကြမ်းဖက်အမှုများကို အမျိုးသမီးရဲ၊ ရှေ့နေများက စစ်ဆေးမှ သာ အမှုမှန်ပေါ်ပေါက်ပြီး မှန်ကန်သည့် တရားစီရင်ရေး ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း မယ်ပြုံးမာလာက ထောက်ပြ သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် အမျိုးသမီးများအား အကြမ်းဖက်မှုကို အကာအကွယ်ပေးသည့် အထူးဥပဒေ တစ်ရပ် အမြန်ဆုံး ပြဋ္ဌာန်းပေးရန်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း အကောင်အထည်ဖော်ရန်၊ အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြားထားမှု အားလုံး ပပျောက်ရေး သဘောတူစာ ချုပ်(ဃနီဗျွှ) ကို လက်တွေ့အကောင် အထည်ဖော်ရန်နှင့် အစိုးရအဆင့်ဆင့် လေးစားလိုက်နာရန် စသည့် အချက်များ အပါအဝင်အချက် ၁၁ ချက်ကို တောင်း ဆိုခဲ့သည်။