ကံပေါက်ဒေသတွင် မြေဧက ငါးသောင်းကျော် ဓာတ်သတ္တု စမ်းသပ်တိုင်းတာ ခွင့်ပြုရန် ဒယ်လ်ကိုကုမ္ပဏီ အဆိုပြု

0
375

ကံပေါက်ဒေသရှိ မြေဧက ၅ သောင်းကျော်တွင် ဓာတ်သတ္တုစမ်းသပ် တိုင်းတာခွင့်ပြုပါရန် ဒယ်လ်ကိုကုမ္ပဏီ က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အောက်တိုဘာ ၂၆ ရက်တွင် အဆိုပြု တင်ပြခဲ့သည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်တွင် သတ္တုထုတ်နေသည့် ဒယ်လ်ကိုကုမ္ပဏီက ၎င်း၏သတ္တုလုပ် ကွက်နှင့် တစ်ဆက်စပ်တည်းရှိ ယင်း မြေဧက ၅၂၂၂၁ ဧကတွင် စမ်းသပ်တိုင်း တာရန် အဆိုပြုတင်ပြခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုပြုမြေဧရိယာထဲတွင် ရွာမြေ၊ ဥယျာဉ်မြေ၊ သစ်တောမြေ စသ ဖြင့် မြေအမျိုးအစားအမျိုးမျိုးရှိပြီး အဆိုပြု မြေကို စစ်ဆေးတင်ပြရန် သက်ဆိုင်ရာ ဌာနများအား ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
“စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး တိုင်းအစိုးရအဖွဲ့အစည်းအဝေး မှာ ပြန်ဆွေးနွေးမယ်၊ ဆွေးနွေးပြီးရင် ပြည်ထောင်စုကို သဘောထား ပေးပို့ မယ်”ဟု ဝန်ကြီးဦးမြင့်မောင်က ပြော သည်။

ကုမ္ပဏီဘက်မှ တင်ပြသည့် အဆို ပြုမြေ၏ တည်နေရာအညွှန်းများအရ မြေပုံကြမ်းရေးဆွဲရာတွင် အဆိုပြုမြေ သည်(၃၆) မိုင်ပတ်လည်ခန့် ကျယ်ဝန်း ပြီး ကျေးရွာ ၂၀ နီးပါးနှင့် ယင်းရွာများ၏ ဥယျာဉ်ခြံမြေများ ပါဝင်နေသည်။
မြေပုံကြမ်းအရ ပါဝင်သည့်ကျေးရွာ များမှာ ကံပေါက်၊ အုန်းပင်ကွင်း၊ ဂန့် ဂေါ်တောင်၊ တောင်ပယ၊ မြောက်ပယ၊ ခွေးမဖော၊ သစ်လှတော၊ ဇာဒီ၊ ခေါင်ပြန်၊ ကျောက်ထရံ၊ ဖြူနှပ်၊ ဖားချောင်းအင်း၊ မီးတိုင်တက်၊ မော်ကြီး၊ ဖောင်းတော၊ ဖားချောင်း၊ တောင်ရမ်းအင်း စသည့် ရွာများဖြစ်ပြီး အဆိုပြု ဧရိယာအထဲကျ ရောက်နေနိုင်သည့် ရွာအနည်းငယ် ကျန်နိုင်သေးသည်။

ဓာတ်သတ္တု စမ်းသပ်တိုင်းတာမည့် ကိစ္စကို အောက်တိုဘာလအတွင်း ပရ ရွာနှင့် ကံပေါက်ရွာတို့တွင် ကုမ္ပဏီ ဘက်မှ လာရောက်ရှင်းပြခဲ့ဖူးကြောင်း ကံပေါက်ရွာသားတစ်ဦးက ပြောသည်။
စမ်းသပ်တိုင်းတာမှုအတွင်း ဒေသ ခံများ၏ဥယျာဉ်များ ထိခိုက်မှုမရှိနိုင် ကြောင်းနှင့် အကယ်၍ ထိခိုက်မှုအနည်း ငယ်ရှိက ဥယျာဉ်ခြံပိုင်ရှင်နှင့် သဘော တူညီမှုရယူကာ ထိုက်သင့်သည့်လျှော် ကြေးပေးချေမည်ဟု ကုမ္ပဏီဘက်မှ ကတိပြုထားကြောင်း ၎င်းရွာသားက ပြောသည်။
ဒယ်လ်ကိုကုမ္ပဏီသည် ကံပေါက် သတ္တုမိုင်းကို အမှတ်(၂)သတ္တုတွင်းလုပ် ငန်းနှင့် အကျိုးတူလုပ်ကိုင်လျက်ရှိပြီး လက်ရှိတွင် မြေဧက ၂၀၈၇ ဧကကို ၂၀၁၀ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ် ကိုင်ခွင့် ရရှိထားသည်။

သတ္တုထုတ်ယူမှုကြောင့် ဒေသခံ တို့၏ လူနေမှုဘ၀ ထိခိုက်မှုများအပါ် ကုမ္ပဏီဘက်မှ တာဝန်ယူ၊ တာဝန်ခံမှု မရှိခြင်း ရွာသားများနှင့် ညှိနှိုင်းမှုမရှိ သောကြောင့်ဟုဆိုကာ ဒယ်လ်ကိုကုမ္ပဏီ အနေဖြင့် သတ္တုတွင်း ဥပဒေနှင့်အညီ လုပ်ငန်းလုပ်ကိုင်ရေးအတွက် ကံပေါက် ဒေသခံတို့က ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် ဆန္ဒပြခဲ့ဖူးသည်။

ဒယ်လ်ကိုကုမ္ပဏီသည် သတ္တု ထုတ်လုပ်နေသည့် ကာလအတွင်း ပြဌာန်းထားသည့် သတ္တုတွင်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ သဘာဝပတ် ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာ ခြင်းမတွေ့ရဟု ကံပေါက်သတ္တုလုပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးက ပြော သည်။
“ရှေ့ဖြစ်ခဲ့တဲ့ ပြဿနာတွေကို တောင်မှ ကောင်းကောင်းမွန်မွန် မကိုင် တွယ်နိုင်ဘဲနဲ့ ဒီထက်ကြီးမားတဲ့ လုပ် ငန်းကြီးတွေကို ထပ်ပေးလုပ်ဖို့ အခွင့်အ ရေး ပေးသင့်လား၊ မပေးသင့်လားဆိုတာ တိုင်းအစိုးရအနေနဲ့ သေရေးရှင်ရေးပမာ ထည့်သွင်း စဉ်းစားသင့်တယ်”ဟု ၎င်း စောင့်ကြည့်ရေးအဖွဲ့ဝင်က ပြောသည်။