ဆယ့်သုံး သောကြာ ကျွန်တော် မောင်ရှေ့နေ

0
732

ဒီနေ့ သောကြာနေ့ မနက်ဖြန် ရုံး ပိတ်တော့မှာ ဖြစ်သလို မောင်ရှေ့နေတစ် ယောက် တက်ကြွနေတယ်။ စောစောအိပ် ရာထ မနေ့က လက်ခံထားတဲ့ အမှုတွေ အတွက် ကိုယ်စားလှယ်ပါဝါနဲ့ အာမခံ လျှောက်လွှာတွေ ပြင်ဆင်ရင်း စာဖတ် ခန်းထဲ စာအုပ်ဖတ်ရင်း ထိုင်နေခဲ့တယ်။
ထိုစဉ် ဆရာ…ဆရာ… ဆရာ ဆိုပြီး လူခေါ်သံကြားလို့ တံခါးထဖွင့်တော့ သားသားနားနား ဝတ်ဆင်ထားတဲ့ အသက် ၄၀ကျော် လူတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ပါလာတယ်။ ရုံးခန်းထဲ ဝင်ထိုင်ကြတယ်။

ထိုလူကြီးက စစချင်း ” ဆရာ အမှု အပ်ချင်လို့ပါ၊ ကျွန်တော်တို့ရဲ့ တစ်ဦး တည်းသော သားကို မနေ့က ဆေးမှုနဲ့ ဖမ်းသွားပါတယ်၊ အဲဒါ ဆရာဆီ စုံစမ်း မေးမြန်းဖို့ လာခဲ့တာ”ဆိုပြီး သူနဲ့ပါလာ တာက သူ့ဇနီးနှင့် သူ့ညီမဖြစ်ကြောင်း မိတ်ဆက်ပေးပါတယ်။ ပြီးတာနဲ့ တစ် ဆက်တည်းမှာပဲ သူက”ဆရာ ပွင့်ပွင့် လင်းလင်းပဲ ပြောမယ်၊ ကျွန်တော့်သား ထောင်ကျတာ မလိုချင်ဘူး၊ ဘယ်လောက် ကုန်မလဲ၊ ဘယ်နှပုံးလောင်းရမလဲ၊ ဆရာ ပဲ လမ်းကြောင်း ဝယ်ပေးပါ” ဆိုပြီး လုပ် ချပါလေရော။

ဟော . . ပျားအုံတော့ တုတ်နဲ့ ထိုးပြီ။
အဲဒီမှာ ကျွန်တော် မောင်ရှေ့နေ လည်း စိတ်မထိန်းနိုင်လောက်အောင် ရုတ်တရက် ဒေါသဖြစ်သွားပြီး”ဒီမှာဗျ ခင်ဗျားတို့က အမှုရဲ့ သက်သာခွင့် အတွက် ရှေ့နေကို အမှုအပ်တာလား၊ ပွဲစား၊ ကန်ထရိုက်ကို လာရှာတာလား”ဆိုပြီး တည့်တည့် ပြောချလိုက်တော့”ရှေ့နေနဲ့ အမှုအပ်ရင် ဒီလိုငွေတွေ ပုံပေး အပ်ရတယ်လို့ ကြားဖူးလို့ပါ”လို့ ကြောက်တဲ့သံနှင့် ပြန်ဖြေတယ်။
မောင်ရှေ့နေကလည်း “ခင်ဗျား တို့ ထွက်သွားတော့၊ ကျုပ်လက်ပါမိ တော့မယ်။ ခင်ဗျားတို့ပြောတဲ့ ရှေ့နေမျိုး ရှိမရှိ ၊ ကျုပ်မသိဘူး၊ သွားရှာကြ၊ ကျုပ် ကတော့ ဒီလိုပေါင်းစားတဲ့ အလုပ်မျိုး မလုပ်ဘူး ထွက်သွားကြ” ဆိုပြီး ဟောက် လိုက်မှပဲ သကောင့်သားတွေ နောက်ကို တောင် လှည့်မကြည့်ဘဲ သုတ်ချေတင် တော့တယ်။

စောစောစီးစီး ငွေနဲ့ပေါက်ရင် ဘာ မဆို လုပ်လို့ရတယ်ဆိုတဲ့ အပေါက်မျိုးက တော့ မောင်ရှေ့နေနဲ့ မိုးနှင့်မြေပါပဲ။ သူတို့ပြောတာနဲ့ ရုံးနောက်ကျမှာစိုးလို့ တိုက်ပုံဝတ်၊ အိတ်ဆွဲပြီး အမြန်ချီတက်ခဲ့ ရပါတယ်။
ဒီနေ့ လက်ခံထားတဲ့ အမှုက နယ် ဘက်က ရွာတစ်ရွာမှာ ကလေးချင်းရန် ဖြစ်တာကို မိဘတွေ ဝင်ပါကြတော့ ရိုက် နှက်မှု ကျော်နင်းမှုတွေဖြစ်ပြီး တရားရုံး ရောက်လာလို့ စွပ်စွဲခံရသူ လင်မယား နှစ်ယောက်စလုံးအတွက် အမှု လိုက်ပေးရ မှာ ဖြစ်ပါတယ်။ တရားရုံးအာမခံလည်း လျှောက်ပေးရမှာ ဖြစ်လို့ အာမခံသမား နှစ်ဦးလည်း ပါလာပါတယ်။ လိုအပ်တဲ့ လျှောက်လွှာတွေ အထောက်အထားတွေ ဖြည့်စွက်ပြီး အာမခံရတဲ့အတွက် ရုံး ရောက်တာနဲ့ တရားရုံးမှာ လျှောက်လွှာ တင်ပေးခဲ့ပါတယ်။

အာမခံပေးမယ့် ကိုချစ်ညိုနှင့် ကို ထွန်းကျော်ဆိုတဲ့ နှစ်ဦးကိုလည်း မှာ ထားရသေးတယ်။
“ရုံးကခေါ်တဲ့ အချိန်ရှိနေအောင် ဘယ်မှမသွားနဲ့၊ သွားစရာရှိရင်လည်း ပြောပြီးမှ သွားကြ” ဆိုပြီးတော့။
ထမင်းစားချိန်အထိ အမှုကမခေါ် တော့ ကိုချစ်ညိုနှင့် ကိုထွန်းကျော်တို့ကို “ထမင်းသွားစားကြပါလား၊ မသိရင် ဒီနားမှာ ဆိုင်ကယ် တက္ကစီခေါ်ပြီးတော့ ဒီလမ်းကွေ့လေးမှာ ရှိတယ်”လို့ မှာရ သေးတယ်။ နယ်ဘက်က လူတွေဆိုတော့ ထမင်းဆိုင် ဘယ်မှာရှိမှန်း မသိမှာစိုး လို့ပါ။ မောင်ရှေ့နေကတော့ ရုံးနားမှာ တောင် ထမင်းစားလို့ မကျ၊ တရားရုံးက တရားခွင်အားရင် အားသလို ခေါ်တတ် လွန်းလို့။

မွန်းလွဲ ၃နာရီလောက်မှ အဲဒီအမှု ခေါ်ပါတယ်။ အာမခံခွင့်ပြုဖို့၊ ကိုယ်စား ပါဝါတင်ဖို့ပေါ့။ အဲဒီမှာ ပြဿနာတက် ပြီ။ ထမင်းသွားစားတဲ့ နှစ်ယောက် အခုထိ ပေါ်မလာသေး၊ ဖုန်းဆက်တာ လည်း မကိုင်ဘူးလို့ အမှုသည် လင်မယားနှစ်ယောက်က ပြောပါတယ်။ တရားရုံးကလည်း ပြောလာပါတယ်။ အာမခံမရှိရင် အချုပ်ထဲဝင်မှ ရမယ်၊ နောက်ရုံးချိန်းမှ အာမခံပြန်လျှောက်တဲ့၊ အမှုသည်လင် မယားနှစ်ယောက်လည်း ငိုမဲ့မဲ့ ဖြစ်လာပါတယ်။
“အချုပ်ထဲမှာ နေရရင် ရွာမှာကျန်ခဲ့ တဲ့ ကလေးတွေ ဘယ်လိုလုပ်ရဖို့၊ ပြီး တော့ သောကြာနေ့ကြီး နောက်ရုံးပြန် ဖွင့်မှဆိုရင် အနည်းဆုံး ၃ ရက်နေရတော့ မယ်။ ရုံးချိန်လည်း ကုန်တော့မှာမို့ ဒီ အချိန်ကြီးမှ အာမခံအသစ် ဘယ်လိုရှာရ မလဲ” ဆိုပြီး လုပ်လာပါတော့တယ်။
မနေသာတော့တဲ့ မောင်ရှေ့နေက လည်း တရားသူကြီးဆီမှာ အချိန်ထပ် တောင်း ၊ ခေါင်းပေါင်းနဲ့ တိုက်ပုံတောင် မချွတ်နိုင်တော့ဘဲ ဆိုင်ကယ်တက္ကစီဂိတ် ကိုပြေးပြီး သွားစုံစမ်းရပါတော့တယ်။ စုံစမ်းလို့ ရတာတော့ သူတို့သွားနေတာ ထမင်းဆိုင်ဘေးက KTV ဆိုင်မှာတဲ့၊ မောင်ရှေ့နေလည်း နီးစပ်တဲ့ဆိုင်ကယ် ခေါ်ပြီး KTV ဆိုင်ကို လိုက်သွားရပါ တယ်။

KTV  ပထမအထပ် အခန်းB-၄ ကို မန်နေဂျာကိုပြောပြီး ဖွင့်ခိုင်းတော့ ဟိုနှစ်ယောက်က စကီးလေးနှစ်ယောက်နဲ”….ဒီလိုလိုက်ဖက်တဲ့ဘ၀ ပြောစရာ လောကကြီးက တကယ်ပါ။ ကြင်နာသူ လေးရှိနေမှ….”ဆိုပြီး အသံသေးအသံ ကြောင်နဲ့ လုပ်နေကြတာ။ ပတ်ဝန်းကျင် လည်းမေ့။ ဖုန်းသံလည်း ကြားရမယ်မ ထင်။ ဆိုင်ရှင်တွေက မောင်ရှေ့နေကို သိလို့သာ တော်သေးပါတယ်။ နို့မဟုတ် ဆို မောင်ရှေ့နေလည်း အရိုက်ခံရမယ် အပေါက်။
“မင်းတို့တွေ ဘယ်လိုလုပ်နေကြ တာလဲ”ဆိုပြီး ဒေါသထွက်ထွက်နဲ့ ဟောက်လိုက်တော့ “ဆရာရယ်… အချိန် မီတယ်ဆိုပြီး ကျွန်တော်တို့က Tတသ Sနခအငသည ယူလိုက်တာပါ။ ဆိုင်က နေ့ ဘက်မှာOne Section Buyç One Section Free ” ဆိုပြီးပြောလို့ နှမြော တာနဲ့ ဆက်ဆိုနေကြတာဆိုပြီး လေသံ ပျော့ပျော့လေးနဲ့ ရှင်းပြရှာကြပါတယ်။
မောင်ရှေ့နေလည်း”အရင်စိတ်နဲ့ ဆို ဒီကောင်တွေလွယ်မှာ မဟုတ်ဘူးကွာ”ဟု ကြိမ်းမောင်းရင်းရုံးကို ပြန်ခေါ်ရပါ တယ်။ ဒီနေ့တစ်နေ့လုံးဒေါသဖြစ်စရာတွေချည်း ဖြစ်နေလို့ စိတ်တိုတတ်သူပီပီ”ဒီအလုပ် မလုပ်တော့ဘူး”လို့ ကြုံးဝါး ရင်း အိမ်ကိုပြန်လာပါတယ်။ လမ်းမှာ လည်း “တော်ပြီ၊ ပူလိုက်တဲ့ အလုပ်၊ ငါ့ ဟာငါ ဥယျာဉ်စိုက်ရင်း အေးအေးပဲ နေ တော့မယ် ၊ ဆံပင်တွေဖြူ ၊ ထိပ်တွေပြောင် ငွေကုန်၊ သံပြာ ဖြစ်တဲ့အလုပ်”ဆိုပြီး ဆုံးဖြတ်ရင်း ရေရွတ်ပြီး လာခဲ့ပါတယ်။

အိမ်ရှေ့ရောက်တော့ ဇနီးဖြစ်သူက အိမ်ထဲမှာ ဧည့်သည်တွေရောက်နေတယ် လို့ အသံတိုးတိုးလေးနဲ့ ပြောရှာတယ်။ အိမ်ထဲမှာရောက်နေတာက ဒေါ်တရုတ်မ နဲ့သူ့သမီးတစ်ယောက်။ ဟုတ်ပါတယ်။ မောင်ရှေ့နေရဲ့အမှုသည်က ပြီးခဲ့တဲ့ ၁၀လလောက်က သူ့အိမ်ရှေ့က အမှိုက် ပုံးမှာ မူးယစ်ဆေးတွေ့လို့ဆိုပြီး ရဲက ဖမ်းသွားတာ၊ မုဆိုးမတစ်ယောက် သူက အရပ်ထဲမှာ ငါးလိုက်ရောင်းရတာ ဆင်းရဲ ရှာတယ်။ အဲ့ဒါနဲ့ မပက်သက်ကြောင်း မောင်ရှေ့နေက ကောင်းကောင်းသိလို့ အခမဲ့ အမှုလိုက်ပေးခဲ့တယ်။ အဲ့ဒါ ခရိုင် တရားရုံးက သူ့ကို ထောင် ၁၀ နှစ်ချတာ၊ အဲဒါ မောင်ရှေ့နေကလည်း တိုင်းဒေသ ကြီးအထိ အယူခံ ဆက်ဝင်ပေးလို့ ပြီးခဲ့ တဲ့ရက်က အယူခံအောင်ပြီး ကွင်းလုံး ကျွတ် လွတ်သွားခဲ့ပါတယ်။ သူကိုမြင် တော့ မောင်ရှေ့နေလည်း ပီတိဖြစ်ရ တယ်။ သူလည်း အရမ်းဝမ်းသာနေရှာ တယ်။
“ဆရာရယ်….မနေ့ကမှ လွတ်လာ တာ၊ ဒီနေ့ ဟင်းစားလေးရတာနဲ့ဆရာကို လာကန်တော့တာ ဆရာကယ်ပေလို့ပေါ့ ဆရာရယ်။ နို့မဟုတ်ဆို ထောင်ထဲမှာ ၁၀ နှစ်နေရမှာ ကျွန်မသမီးလေးနဲ့ သား လေးလည်း ကျောင်းတက်ရမှာ မဟုတ် တော့ဘူး။ အခုတောင် ၁၀လလောက် တော်တော်ဒုက္ခရောက်သွားတာ ကျွန်မ အဒေါ်တွေက ကလေးနှစ်ယောက်ကို စောင့်ရှောက် ထားပေးတာ။ ဆရာကို အတော် ကျေးဇူးတင်ပါတယ်”ဆိုပြီး အတင်းကန်တော့မယ် ချည်းလုပ်နေလို့ ချော့မော့ ဆုတွေဘာတွေပေးပြီး ပြန် လွှတ်လိုက်ရပါတယ်။

ဪ…ရှေ့နေအလုပ်ဆိုတာ ဒီလို မျိုးတွေ ကယ်ပေးနေရတော့ အလွန်မွန် မြတ်လှပါတကား။ မောင်ရှေ့နေလည်း ဆင်ခြင်ပြီး ဆက်လုပ်နေသင့်ပါတယ်ဆို ပြီး ပြန်စဉ်းစားနေမိပါတယ်။
ဇနီးဖြစ်သူကလည်း”အကိုရေ ခုနက ဧည့်သည်လာပို့ထားတဲ့ ကုလား ကုတ်ငါး ၂ ကောင်နဲ့ ကဏန်းတွေလည်း ပါတယ် ဘယ်လိုချက်ပေးရမလဲ”ဆိုပြီး မေးတော့ “ချက်မနေပါနဲ့ တော့ကွာ နှင်းဆီဆိုင်ကိုယူသွားပီး တစ်ကောင်ကို ခဲပတ်နဲ့ ကင်၊ တစ်ကောင်ကို သံပရာ ပေါင်းလုပ် ကဏန်းတစ်ဝက်ကို မာဆ လာနဲ့ကြော် ကျန်တာကို ဟင်းချို လုပ်ခိုင်းဖို့ အခုပဲ သွားကြရအောင်ကွာ၊ နေ့ခင်းက ထမင်းကောင်းကောင်း မစားရလို့ ကိုယ်လည်း ဗိုက်ဆာနေပြီ”လို့ပြောလိုက်ပါတယ်။
မောင်ရှေ့နေရဲ့စိတ်ထဲမှာ”ဒီနေ့ သောကြာနေ့လည်းဖြစ်တဲ့အပြင် ၁၃ရက် လည်းဖြစ်နေတာမို့ နောက် တိုင်းအယူအဆအရ တစ်ခါတစ် လေတိုက်ဆိုင်ပြီး အဆင်မပြေ ဖြစ်တာ နေမှာပါ”လို့ တွေးရင်းတစ်ကိုယ်တည်း ပြုံးနေမိတော့တယ်။ ။