ကော့သောင်းတွင် ယာဉ်အန္တရာယ်ကင်းရှင်းရန် တပ်ဆင်ထားသည့် မီးဝါနှင့်မှန်ခုံး ကိုးဆယ်ရာခိုင်နှုန်းခန့် ပျက်စီးနေ

0
842

ကော့သောင်းမြို့အတွင်း တပ်ဆင် ထားသည့် အချက်ပြမီးဝါများနှင့် မှန်ခုံး များ ၉၀ ရာခိုင်နှုန်း နီးပါး ပျက်စီးနေ ကြောင်း ကော့သောင်းမြို့နယ် အမှတ် ၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
မြို့အတွင်း တပ်ဆင်ထားသည့် မှိတ်တုတ်မီးဝါ ၂၇ ခု တွင် ၂၄ ခု ပျက်စီးနေပြီး၊ မှန်ခုံး ၇ ခုမှာ ၇ ခုစလုံး ပျက်စီးနေပြီဖြစ်ကြောင်း အထက်ပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ပစ္စည်းများ၏ သက်တမ်း ကုန်သွားသည့်အတွက် ပျက်စီးခြင်းဖြစ် ပြီး လူဖျက်ဆီး၍ ပျက်ခြင်းမဟုတ် ကြောင်း ယာဉ်ထိန်းရဲမှူး မောင်မျိုးက ဆိုသည်။
အသစ်လဲလှယ်နိုင်ရန်အတွက် တိုင်းအစိုးရထံ တင်ပြထားပြီး မည်သည့် အချိန်တွင် လဲလှယ်နိုင်မည်ကိုမူ မသိ သေးကြောင်း ၎င်းက ပြောသည်။
“လမ်းပေါ်မှာ ပျက်စီးနေတာက တခြားသူတွေ အမြင်မှာ မသင့်တော်ပါ ဘူး၊ မတပ်နိုင်သေးရင်လည်း ဖြုတ်သိမ်း ထားစေချင်တယ်”ဟု အေးမြကန်သာ ရပ်ကွက်နေ ဦးတင်ဝင်းက ဆိုသည်။

ယာဉ်အန္တရာယ်အချက်ပြ မီးဝါများ နှင့် မှန်ခုံးများကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် စည်းကမ်းပျက်မော်တော် ယာဉ်များ ဖမ်းဆီးရမိသည့် ဒေသန္တရရန် ပုံငွေဖြင့် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရ သည်။