နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးနှစ်ဆယ်ကျော်ကို အခမဲ့ ခွဲစိတ်ကုသပေးမည်

0
481

ထားဝယ်ခရိုင်အတွင်းရှိ နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲနေသည့် အသက်တစ်နှစ် နှင့် လေးလမှအထက် ကလေး ၂၄ ဦးကို နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် နှစ် ရက်အကြာ အခမဲ့ ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း မယ်ဒီလန်းဆေးရုံ ဒါရိုက် တာ ဒေါက်တာလင်းလင်းက ပြောသည်။
ထားဝယ်မြို့နှင့် အနည်းငယ် အလှမ်း ဝေးသည့်ကျေးရွာများမှ လာရောက် ကုသမှုခံယူမည့် ကလေးများကို ဆေး ကုသမှု အခမဲ့အပြင် လမ်းစရိတ်လည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဒေါက်တာ လင်းလင်းက ပြောသည်။

“ခွဲပေးမှာကတော့ မယ်ဒီလန်းဆေး ရုံက ခွဲခန်းတွေကို အသုံးပြုပြီး ခွဲပေးမှာ ပါ။ အကုန်လုံးကတော့ အခမဲ့တွေပါပဲ”ဟု ဒေါက်တာလင်းလင်းက ဆိုသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး များကို အခမဲ့ကုသပေးမည့် အစီအစဉ်ကို နှစ်လ သို့မဟုတ် သုံးလတစ်ကြိမ် ကုသ ပေးမည် ဖြစ်ပြီး ပထမအကြိမ်တွင် ကုသ ခွင့်မရသည့် ကလေးများကို နောက်ပိုင်း ပြုလုပ်မည့်အစီအစဉ်တွင် ကုသပေး မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ ခွဲစိတ်ကုသပေးရန် တစ်ဆယ်ကျော် ခန့် လာရောက်စာရင်းပေးထားပြီး စာရင်း ပေးရမည့် နောက်ဆုံးရက်ကို သတ်မှတ် ထားခြင်းမရှိကြောင်း ၎င်းက ပြောသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး များကို အခမဲ့လာရောက် ခွဲစိတ်ကုသမှုခံ ယူမည့် သူများအနေဖြင့် ဖုန်းနံပါတ် ၀၉၇၈၃၀၂၀၅၅၁၊ ၀၅၉၂၀၂၄၀၈၀ တို့ကို ဆက်သွယ်စာရင်းပေး နိုင်ကြောင်း မယ်ဒီလန်းဆေးရုံမှ ထုတ်ပြန်ထားသည်။