ထိုင်းနိုင်ငံသား ၃၈ ဦးပါ ဆိုင်ကယ်စီးအဖွဲ့ ကော့သောင်းသို့ လာရောက်လည်ပတ်

0
842

ထိုင်းနိုင်ငံသား ၃၈ ဦးလိုက်ပါလာ သည့် ဆိုင်ကယ်စီးအဖွဲ့တစ်ဖွဲ့ ကော့ သောင်းမြို့သို့ နိုဝင်ဘာ ၁ ရက် ညနေက လာရောက်လည်ပတ်ခဲ့ကြောင်း သိရ သည်။
ထိုင်းနိုင်ငံသား အမျိုးသား ၃၅ ဦး နှင့် အမျိုးသမီး ၃ ဦး လိုက်ပါလာသည့် အဆိုပါ အဖွဲ့သည့် ဆိုင်ကယ် ၃၅ စီး ဖြင့် နိုဝင်ဘာလ ၁ ရက်က ကော့ သောင်းမြို့သို့ ရောက်ရှိလာခဲ့ကြသည်။

၆ ညအိပ် ၇ ရက် ခရီးစဉ်ကို အောက်တိုဘာ ၂၇ ရက်က မြ၀တီ နယ် စပ်ဂိတ်မှ တဆင့် မော်လမြိုင်၊ ထားဝယ်၊ မြိတ် မြို့များကို ဖြတ်ကျော် လာခဲ့ကြပြီး ကော့သောင်းသို့ နိုဝင်ဘာလ ၁ ရက် တွင် ရောက်ရှိလာခဲ့ကြောင်း အဖွဲ့ခေါင်း ဆောင်ထံမှ သိရသည်။
“အဓိက ခရီးသွားလုပ်ငန်းအတွက် ရယ်၊ ဒေသဗဟုသုတများအတွက်ရယ် လာရောက်ခဲ့ကြတာပါ၊ ဘာအခက်ခဲမှ တော့ မရှိဘူး၊ လမ်းတစ်လျှောက်ထမင်း ဆိုင်တွေမှာဝင်စား ညအိပ်ခဲ့ကြတာ”ဟု မင်္ဂလာပါ အမည်ပေးထားသည့် ဆိုင် ကယ်စီးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ယခုအကြိမ်သည် ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ခြင်းဖြစ်ပြီး ပထမအကြိမ်က မယ်ဆိုင်၊ တာချီလိတ်၊ တောင်ကြီး၊ မန္တလေး၊ ပုဂံ၊ ညောင်ဦး၊ နေပြည်တော်၊ ရန်ကုန်၊ ကျိုက်ထီးရိုးဘုရားအထိ ရောက်ရှိခဲ့ ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၃၈ ဦး လိုက်ပါလာသည့် ဆိုင်ကယ်စီးအဖွဲ့သည် မြို့ပေါ်အထင်ကရ နေရာများသို့သွား ရောက်လည်ပတ်ခဲ့ကြပြီးနိုဝင်ဘာ၂ ရက် က ကော့သောင်း – ရနောင်းနယ် စပ်မှ တစ်ဆင့် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။