သထုံတွင် ရော်ဘာစိုက်ဧက ထက်ဝက်သာ ရော်ဘာစေးထုတ်လုပ်

0
401

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ရော်ဘာစိုက်ဧကများအနက် ဧကထက် ဝက်ခန့်သာ ရော်ဘာစေးထုတ်လုပ်နိုင် သည်ဟု သထုံခရိုင်စိုက်ပျိုးရေးဦးစီးဌာ နထံမှ သိရသည်။
ရော်ဘာဈေးမကောင်းသည့် အတွက် ထုတ်လုပ်မှုရပ်နားထားခြင်း၊ အရွယ်မရောက်သေးသည့် ရော်ဘာပင် များ ရှိနေခြင်း၊ မျိုးမကောင်းသည့် ရော်ဘာပင်များ စိုက်ပျိုးထားခြင်းကြောင့် ရော်ဘာစိုက်ဧက၏ ထက်ဝက်ခန့်သာ ရော်ဘာစေးထုတ်လုပ်နိုင်သည်ဟု သထုံ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းရီက ပြောသည်။

“ဒါ့အပြင် အလုပ်သမားမရလို့ မခြစ်ရတဲ့ခြံတွေလဲ ရှိနေတော့ တစ်ဝက် လောက်ပဲ ထုတ်လုပ်နိုင်တယ်”ဟု ဒေါ်သန်းရီက ပြောသည်။
သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ရော်ဘာစိုက်ဧက စုစုပေါင်းဧက တစ် သိန်းကျော် (၁၂၈၂၄၅ ဧက) ရှိပြီး ဧက ခြောက်သောင်းကျော် ( ၆၆၈၂၃ ဧက) သာ ရော်ဘာထုတ်လုပ်နိုင်သည်ဟု ဒေါ်သန်းရီက ဆက်ပြောသည်။
“ဒီနှစ်ဆိုရင် ခြံတွေတော်တော်များ များ နားကြတဲ့အနေထား ရှိတယ်၊ မနှစ် က ရော်ဘာဈေး မကောင်းတာကိုကြည့်ပြီး ဒီနှစ် မလုပ်ကြတာ များတယ်၊ ဈေး လည်းမကောင်း လုပ်သားလည်း ရှာရ ခက်တော့ အစေးထုတ်ဖို့ မလွယ်ဘူး”ဟု သထုံမြို့နယ် ရော်ဘာလုပ်ငန်းရှင်များ အသင်း တွဲဖက်အတွင်းရေးမှူး ကိုအေးချမ်းအောင်က ပြောသည်။

ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် လည်း ပြည်နယ်အတွင်းက ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အရည် အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင် သည့် ရော်ဘာသန့်စင်စက်ရုံများ တည် ဆောက်ရန်အတွက် ကြိုးပမ်းလျက်ရှိ သည်။
လက်ရှိတွင် ရော်ဘာသန့်စင်စက် ရုံတည်ဆောက်ရန်အတွက် ရော်ဘာလုပ် ငန်းရှင် ၁၆ ဦးကို ပြည်နယ်အစိုးရ၏ ထောက်ခံမှုဖြင့် SME   ချေးငွေများ ရရှိ အောင် ဆောင်ရွက်ထားပြီးဖြစ်သည်ဟု မွန်ပြည်နယ် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးတာဝန်ခံဝန်ကြီး စောအောင် မြင့်ခိုင်က ပြောသည်။