အားကစားကဏ္ဍ တိုင်းအစိုးရခွင့်ပြုငွေ ကျေးရွာများအတွက် မပါသေး

0
451

ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အား ကစားကဏ္ဍတွင် တိုင်းအစိုးရခွင့်ပြုရန် ပုံငွေဖြင့် လုပ်ဆောင်မည့် အစီအစဉ်တွင် ကျေးရွာများအတွက် မပါဝင်သေး ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနရုံးတွင် ထုတ်ပြန်ထား သည့်အိတ်ဖွင့်တင်ဒါ ကြေညာစာအရ သိရသည်။

ကျေးလက်များရှိ အားကစားကွင်း များပြုပြင် ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုက ချပေးမည့် ရန်ပုံငွေတွင် ပါဝင်လာနိုင်ခြင်းကြောင့် ထည်သွင်း ထားခြင်း မရှိကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။
“တိုင်းအစိုးရရဲ့ ရန်ပုံငွေထဲမှာတော့ ခရိုင်၊ မြို့နယ်အဆင့်တွေအတွက်ပဲပါ တယ်။ ကျေးရွာတွေအတွက်ဆိုရင် ဂိုလ်းတိုင်ပြင်တာတို့ အသေးစားတွေပဲ လုပ်နိုင်မယ်”ဟု ဦးမောင်မောင်မြင့်က ဆိုသည်။

တိုင်းအစိုးရ ရန်ပုံငွေဖြင့် ခရိုင်၊ မြို့နယ် ၈ ခုမှ အားကစားရုံနှင့် အား ကစားကွင်း တည်ဆောက်ခြင်း လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် စုစုပေါင်း လေလံကြမ်းခင်းဈေး သန်းသုံးရာကျပ် ဖြင့် နိုဝင်ဘာလ ၁ ရက်မှ စတင်ပြီး အိပ်ဖွင့်တင်ဒါ ခေါ်ယူထားသည်။

ယင်းအားကစားရုံများ ဆောက် လုပ်ရန် တင်ဒါခေါ်ယူထားသည့် မြို့ နယ်များတွင် လောင်းလုံးနှင့် ကော့ သောင်းမြို့နယ်နှစ်ခု မပါဝင်ပေ။
တင်ဒါနောက်ဆုံးတင်သွင်းရမည့် ရက်မှာ နိုဝင်ဘာလ ၃၀ ရက်ဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်တွင် တင်ဒါဖွင့်မည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။