မြိတ်မြို့ အမျိုးသမီးဘော်ဒါဆောင်မှ အတွင်းခံ ၃၀ ကျော်အခိုးခံရ

0
5313

မြိတ်တက္ကသိုလ်အနီးရှိ အမျိုးသမီး ဘော်ဒါဆောင်တစ်ခုတွင် အောက်တိုဘာ လ ၃၁ ရက်က အတွင်းခံများ ခိုးယူခံခဲ့ရ ကြောင်း ကလွင်နယ်မြေအုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးထံမှ သိရသည်။
နံနက် ၂ နာရီခန့်က အမျိုးသမီး ဘော်ဒါဆောင်တွင် အမျိုးသားတစ်ဦးက ပစ္စည်းများခိုးယူနေသဖြင့် အဆောင်နေ သူများနှင့် အဆောင်အနီးအနားနေသူ တချို့တို့က ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း တက္ကသိုလ်ရပ်ကွက်မှ ရာအိမ်မှူး ဦးဝင်းဟန်က ပြောပြသည်။

အဆိုပါ အသက် ၂၅ နှစ်ဝန်းကျင်ရှိ အဆိုပါ အမျိုးသားအား စစ်ဆေးရာ ကိုယ်ခန္ဓာအတွင်းမှ အမျိုးသမီးအတွင်းခံ ၃၀ ကျော်အား ခိုးယူဝတ်ဆင် ထားသည် ကို တွေ့ရှိခဲ့ရသဖြင့် အမှတ် ၁ နယ်မြေရဲ ကင်းစခန်းသို့ အပ်နှံပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ပြောသည်။
“တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မခိုး ဘဲ အတွင်းခံဘောင်းဘီတွေပဲ ခိုးတာ”ဟု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုးက ပြော သည်။
အတွင်းခံခိုးယူခဲ့သည့် အမျိုးသား မှာ အောက်တိုဘာလ ၃၁ ရက် နံနက် ပိုင်းကအမှတ် ၁ နယ်မြေရဲကင်းမှ ထွက် ပြေးလွတ်မြောက်ခဲ့ကြောင်း မြိတ်မြို့မရဲ စခန်းမှ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြော သည်။

အဆိုပါအမျိုးသား၏ စိတ်အခြေ အနေမှာ ပုံမှန်မဟုတ်ဟု ၎င်းက ဆို သည်။
“ပုံမှန်တော့ မဟုတ်ဘူး။ ကြောင် တော့ ကြောင်နေတယ်” ဟု ဒုရဲမှူးချိုလွင် က ဆိုသည်။
ထွက်ပြေးလွတ်မြောက်နေသည့် အဆိုပါအမျိုးသားအား ပြန်လည်ဖမ်းမိ ရေး ဆောင်ရွက်နေကြောင်း မြိတ်မြို့မရဲစ ခန်းထံမှ သိရသည်။