ရှင်တောင့်ပုံဘုရားရှိ မြေအောက်ထပ်ပါသည့် တည်းခိုဆောင် ယခုနှစ်ကုန်ပိုင်း တည်းခိုခွင့်ပြုမည်

0
692

ရှင်ကိုးရှင် စာရင်းဝင် ရှင်တောင့်ပုံ ဘုရားရှိ မြေအောက်ထပ်ပါသည့် တည်း ခိုဆောင်တွင် ယခုနှစ်ကုန်ပိုင်းမှ စတင် ကာ ဘုရားဖူးဧည့်သည်များ တည်းခိုခွင့် ပြုမည်ဖြစ်ကြောင်း ရှင်တောင့်ပုံဘုရား ဂေါပကအဖွဲ့ နာယက ဦးအောင်မြင့်က ပြောသည်။
ရှင်တောင့်ပုံဘုရား ရင်ပြင်ပေါ်တွင် ဆောက်လုပ်နေသည့် တည်းခိုဆောင်မှာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေ ပြီဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဘုရားဖူးဧည့်သည်များ တည်းခိုခွင့်ပြုတော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တည်းခိုဆောင်ကို မြေပေါ်တွင် တစ်ထပ်နှင့် မြေအောက်တွင် နှစ်ထပ် ဆောက်လုပ်ထားပြီး မြေပေါ်ရှိ အထပ် တွင် ဘုရားဖူးဧည့်သည် ၆၀ ဦးခန့် တည်းခိုနိုင်ကြောင်း ဦးအောင်မြင့်က ပြောသည်။
အလယ်ထပ်တွင် အခန်းသုံးခန်း ထည့်သွင်းတည်ဆောက်ထားပြီး တစ်ခန်းလျှင် ဧည့်သည် ၈ ဦးခန့် တည်း ခိုနိုင်ကြောင်း ၎င်းက ဆိုသည်။
အောက်ဆုံးထပ်တွင် ရေချိုးခန်းနှစ် ခန်းနှင့် ဘိုထိုင်အိမ်သာနှစ်ခန်း ထည့် သွင်း တည်ဆောက်ထားသည်။
“အရင်ကဆို ဘုရားဖူးတွေ အိပ် စက်ဖို့ နေရာမရှိဘူး၊ အခုတော့၊ ခေါင်း အုံးတွေပါ ထားပေးနိုင်ဖို့ ရည်ရွယ်ထား တယ်”ဟု ဂေါပကအဖွဲ့နာယက ဦးအောင်မြင့်က ပြောသည်။

တည်းခိုမည့် ဘုရားဖူးဧည့်သည် များထံမှ တည်းခိုခအလှူငွေ ကောက်ခံ မည် သို့မဟုတ် အခမဲ့ တည်းခိုခွင့်ပြုမည် ကိုမူ ဂေါပကအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ပြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပွင့်လင်းရာသီတွင် ထားဝယ်ဒေသ ရှိ ရှင်ကိုးရှင်ဘုရားများသို့ ဘုရားဖူးဧည့် သည် အများအပြား လာရောက်လေ့ရှိ သည်။