ကမ်းနားဈေး ပျံကျနေရာတွင် ခေါင်မိုးအပြည့်ပါသည့် ဈေးရုံဆောက်မည်

0
466

ထားဝယ်ကမ်းနားဈေး ပျံကျနေရာ တွင် ခေါင်မိုးအပြည့်ပါသည့် ဈေးရုံတစ် ခုကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောက် လုပ်မည် ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိက ပြောသည်။

အမိုးပါသည့် အဆောက်အအုံငယ် များဖြင့် ရောင်းချနေသည့် ပျံကျဈေးနေ ရာ၊ ငါးရောင်းချနေသည့် ဆိုင်တန်းနေ ရာ၊ ဆန်ဆိုင်တန်းနေရာ အစရှိသည့် ဈေးကွင်းပြင်ကြီးတစ်ခုလုံးကို ခေါင်မိုး အပြည့်ပါသည့် ဈေးရုံကြီးကို တည် ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆောက်အအုံကို သံမဏိတိုင် များ၊ C channel များဖြင့် တည်ဆောက် မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိက ပြောသည်။

၁၆၀ ပေ _၁၀၀ ပေ အကျယ် အဝန်းရှိသည့် ဈေးရုံတစ်ခု၊ ၁၀၀ ပေ _ ၄၄ ပေရှိသည့် ဈေးရုံတစ်ခုနှင့် ၈၀ ပေ _ ၂၄ ပေကျယ်သည့် ဈေးရုံတစ်ခု စုစုပေါင်း ဈေးရုံသုံးခု တစ်ဆက်တစ်စပ် တည်းဖြစ်စေရန် တည်ဆောက်မည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
“ဈေးဝယ်တဲ့သူတွေရော၊ ရောင်းတဲ့ သူတွေပါ မိုးမစိုဘဲ လွတ်လွတ်လပ်လပ် သွားလာရောင်းချလို့ရအောင် ဆောက် မှာပါ”ဟု အမှုဆောင်အရာရှိက ပြော သည်။

လက်ရှိတွင် မိုးရွာနေပူသည့် ရာသီ ဥတုဒဏ်ကို ခံစားနေရရသည့်အတွက် မိုးလုံသည့် ခေါင်မိုးလုပ်မည့်အပေါ် ကြို ဆိုလက်ခံကြောင်း ကမ်းနားဈေး ပျံကျ တန်းတွင် ဟင်းသီးဟင်းရွက်ရောင်းချနေ သည့် အသက် ၃၅ နှစ်အရွယ်ရှိ ဈေး သည်တစ်ဦးက ပြောသည်။
“ဈေးရောင်းတဲ့အချိန်ကို မထိခိုက် စေဘဲ ဆောက်ရင် ပိုကောင်းမယ်”ဟု အဆိုပါ ပျံကျဈေးသည်က ဆိုသည်။
အဆိုပါ ဈေးရုံကို ငွေကျပ်သိန်း ပေါင်း ၃၁၀၀ အကုန်အကျခံ ဆောက် လုပ်မည်ဖြစ်ပြီး ဈေးသည်များရောင်းချ မည့်ကုန်ပစ္စည်းတင်ရန် အုတ်ခုံများ ပါ ဝင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရသည်။

ယင်းအဆောက်အအုံနှင့် တစ်ပြိုင် တည်းတွင် ကမ်းနားဈေးဧရိယာကို ခြံ စည်းရိုးခတ်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်အဖွဲ့ထံမှ သိရသည်။