ပထမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည်

0
386

ယမန်နှစ် ထားဝယ်အမျိုးသားညီ လာခံမှ အတည်ပြုသတ်မှတ်ထားသည့် ထားဝယ်အမျိုးသားနေ့ကို လာမည့် ဒီဇင်ဘာလ ၈ ရက်(နတ်တော်လဆန်း ၁ ရက်) စနေနေ့တွင် ထားဝယ်မြို့ ကမ်း နားလမ်းရှိ ယဉ်ကျေးမှုပြတိုက် (သို့) ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်း ပရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ထားဝယ် အမျိုးသား အလံတင်အခမ်းအနား ပြုလုပ်ကာ အလေးပြုမည်ဖြစ်ပြီး အလံ တင် အခမ်းအနားတွင် သီဆိုမည့် ထားဝယ် အမျိုးသား သီချင်းကိုလည်း ရေးစပ်နေကြောင်း ထားဝယ်လူမျိုး စုစည်းမှုကော်မတီ ဦးဆောင်တာဝန်ခံ ဦးအောင်မျိုးက ပြောသည်။

“အကြမ်းဖျင်း အစီအစဉ်ကတော့ ပထမ နိုင်ငံတော်အလံကို နိုင်ငံတော်သီ ချင်းနဲ့ အလေးပြုမယ်။ ဒုတိယ ထားဝယ် အမျိုးသား အလံကို ထားဝယ်အမျိုးသား သီချင်းနဲ့လွှင့်ထူမယ်။ အဲဒီ အစီအစဉ်တွေ က အတည်တော့ မပြုရသေးဘူးပေါ့”ဟု ဦးအောင်မျိုးက ဆိုသည်။
ထားဝယ်အမျိုးသားနေ့ သတ်မှတ် ထားသည်ကို ထားဝယ်သူ၊ ထားဝယ် သားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန်နှင့် ထားဝယ် ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးတက်လာစေရန်အတွက် ယင်း အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ဦးအောင်မျိုးက ပြောသည်။

ယင်းအခမ်းအနားကို ထားဝယ်လူ မျိုး စုစည်းမှုကော်မတီမှ ကမကထပြု လုပ်ကျင်းပခြင်းဖြစ်ပြီး ထားဝယ်ရိုးရာ အကများဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာအစား အစားများ ကျွေးမွေးခြင်း၊ ဈေးရောင်းပွဲ တော်များ ထည့်သွင်းကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ထားဝယ်အမျိုးသားညီ လာခံတွင် ထားဝယ်အမျိုးသားနေ့၊ အလံ နှင့် တံဆိပ်တို့ကို အတည်ပြု သတ်မှတ်ခဲ့ သည်။