ဆိုင်ကယ်ကယ်ရီသမားထံမှ ဆိုင်ကယ်ငှားရမ်းပြီး ထွက်ပြေးတိမ်းရှောင်

0
408

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ ယော ကြီးဝတံတားတွင် အောက်တိုဘာလ ၂၃ ရက်က ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ထံမှ ဆိုင်ကယ်ငှားရမ်းပြီး ထွက်ပြေး တိမ်းရှောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင် ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးအောင်ဌေးထံမှ သိရသည်။

ဆိုင်ကယ်အား ငှားရမ်းခဲ့သည့် ဦးညီညီမျိုးဆိုသူမှာ ပြီးခဲ့သည့် လေးလ ခန့်မှစပြီး ဆိုင်ကယ်စီးဖောက်သည်တစ် ဦးဖြစ်နေပြီး ဆိုင်ကယ်အား ပထမဆုံး အကြိမ်ငှားရမ်းခဲ့ရာမှ တိမ်းရှောင်နေ ကြောင်း ကာယကံရှင် ဦးမောင်ဌေးက ပြောပြသည်။
“ဆင်သေ-ဇဝဲရွာမှာ တူမနဲ့ ယောက္ခမကို သွားကြိုဖို့အတွက် ငှား သွားတာ ဖုန်းဆက်လည်း စက်ပိတ်ထား တယ်”ဟု ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးအောင်ဌေးက ပြောသည်။

ငှားရမ်းသွားခဲ့သည့်ဆိုင်ကယ်အမျိုးအစားမှာ wave I အဖြူနီရောင် ၂၀၁၇ ခုနှစ်ထုတ် ဆိုင်ကယ်အားပြန်လည် အပ်နှံပေးခြင်း မရှိသည့်အတွက် အောက်တိုဘာလ ၂၅ ရက်က မြို့မရဲ စခန်းတွင် အသိပေး အကြောင်းကြားထား ကြောင်း ဦးအောင်ဌေးက ဆိုသည်။

ထို့ပြင် ဦးညီညီမျိုးဆိုသူသည် အောက်တိုဘာလ ၁၈ ရက်က ကျွန်းစုမြို့ နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာ နေ မောင်ထွန်းမင်းနိုင် ၁၅ နှစ်ကို မိဘ များအား အသိပေးအကြောင်းကြားခြင်း မရှိပဲ ခေါ်ဆောင်သွားခဲ့ကြောင်း ကျွဲခရံ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်း ဇော်က ပြောပြသည်။

“အခုထိ ဘာမှထူးခြားမှုမရှိသေး ဘူး”ဟု ကျွဲခရံကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးမင်းဇော်က နိုဝင်ဘာလ ၂ ရက်တွင် ပြောသည်။
ဦးညီညီမျိုးဆိုသူမှာ ပဲ့တိုင်ကျေးရွာ တွင် လွန်ခဲ့သည့် ၇ လခန့်မှစပြီး ငါး ဖမ်းပိုက်လှေလုပ်ငန်းဖြင့် လာရောက် အခြေချ လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်း ခေါ်ဆောင်သွားသည့် မောင်ထွန်းမင်းနိုင် မှာ ငါးဖမ်းပိုက်လှေတွင် တစ်လလျှင် ကျပ်ရှစ်သောင်းနှုန်းဖြင့် လုပ်ကိုင်နေ ကြောင်း ပဲ့တိုင်ကျေးရွာနေ ဦးဝင်းစိုးက ပြောသည်။

မိဘများအား အသိပေးခြင်းမရှိဘဲ မောင်ထွန်းမင်းနိုင်အား ခေါ်ဆောင်သွား သည့်အပြင် ကျေးရွာနေသူတချို့ထံမှ ငွေသိန်းဆယ်ဂဏန်းဝန်းကျင်ခန့် ချေး ငှားသွားခဲ့ကြောင်း ဦးဝင်းစိုးက ဆို သည်။