မွန်တွင် ပအိုဝ့်တိုင်းရင်းသားရိုးရာဝတ်စုံ ချုပ်လုပ်သည့်စက်ရုံ တည်ဆောက်မည်

0
813

မွန်ပြည်နယ်တွင် ပအိုဝ့်တိုင်းရင်း သားရိုးရာဝတ်စုံများ ချုပ်လုပ်သည့် စက် ရုံတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိ သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ ပအိုဝ့်တိုင်း ရင်းသားများ ၎င်းတို့၏ရိုးရာဝတ်စုံကို ရှမ်းပြည်နယ်ဘက်မှ ဈေးကြီးပေးဝယ်ယူ နေရသည့်အတွက်ကြောင့် ဈေးသက် သက်သာသာဖြင့် အားလုံးဝယ်ယူနိုင်စေ ရန် ရည်ရွယ်ကြောင်း အထက်ပါ ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။
“ကိုယ့်ဒေသမှာပဲ ကိုယ့်ဟာကိုယ် ချုပ်လုပ်မယ်ဆိုရင် တစ်ဝက်သက်သာတဲ့ ဈေးနှုန်းနဲ့ ကျွန်မတို့ လူမျိုးတွေ အားလုံး ပအိုဝ့်တိုင်းရင်းသားဝတ်စုံ ဝတ်ဆင် သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောသည်။

စက်ရုံကို ပအိုဝ့်တိုင်းရင်းသားလုပ် ငန်းရှင်များအသင်း၏ဦးဆောင်မှုဖြင့် လာမည့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်အကောင် အထည်ဖော်မည်ဖြစ်ပြီး စက်ချုပ်လုပ်သား ၆၀ ခန့် ခန့်ရန်လျာ ထားကြောင်း သိရသည်။
လက်ရှိတွင် ပအိုဝ့်တိုင်းရင်းသား များကို အခြေခံ စက်ချုပ်သင်တန်းပေး ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆက် ပြောသည်။
ပအိုဝ့်တိုင်းရင်းသား ရိုးရာဝတ်စုံ များသည် ဝတ်စုံအရွယ်အစားအပေါ်မူ တည်ပြီး ဝတ်စုံ တစ်စုံလျှင် အနိမ့်ဆုံးဈေး ကျပ် ၃၀၀၀၀ မှ အမြင့်ဆုံးဈေး ကျပ် တစ်သိန်းကျော်အထိရှိကြောင်း ပအိုဝ့် တိုင်းရင်းသားတို့ထံမှ သိရသည်။

“ရိုးရာဝတ်စုံကို ပွဲတော်တွေ၊ ရိုးရာ ဓလေ့ပွဲ တော်တွေမှာ ဝတ်ဆင်ကြတယ်၊ တချို့ဆိုရင်လည်း အိမ်မှာနေတာလည်း ဝတ်ကြတာရှိတယ်။ အသင့်ချုပ်ပြီးသား တွေက ဈေးကြီးတယ်။ တချို့ဆိုရင် မဝယ်ဝတ်နိုင်တာတွေလည်း ရှိတယ်” ဟု သထုံမြို့မှ အသက် ၄၀ ဝန်းကျင် ပအိုဝ့်တိုင်းရင်းသူတစ်ဦးက ပြော သည်။
မွန်ပြည်နယ်တွင် ပအိုဝ့်တိုင်းရင်း သား ၆ သောင်းခန့်ရှိပြီး ကျိုက်ထို၊ ဘီးလင်း၊ သထုံ နှင့် ပေါင်မြို့နယ်တို့တွင် အများစုနေထိုင်ကြသည်ဟု သိရသည်။