တီဇစ်ရွာတွင် ဥယျာဉ်ခြံမြေလျှောက်ထားမှု ဒေသခံ ရှစ်ဆယ်ကျော် ကန့်ကွက်

0
407

လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာ ဖိုးလမော်ကမ်းခြေအနီးရှိ မြေကွက်ပေါ် တွင် လူပုဂ္ဂိုလ်ငါးဦးက ဥယျာဉ်ခြံမြေ လျှောက်ထားမှုကို သဘောမတူကြောင်း ဒေသခံရှစ်ဆယ်ကျော်က လက်မှတ်ထိုး ကာ အောက်တိုဘာလ ၃၁ ရက်က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြလိုက်ကြောင်း စာတင်ရန် ကူညီခဲ့ သူ ဦးခင်မောင်သိန်းက ပြောသည်။

ခေတ်အဆက်ဆက်က ကျေးရွာပိုင် မြေအဖြစ် ဒေသခံများ သတ်မှတ်ထားကြ သည့် ဖိုးလမော်ကမ်းခြေအနီးရှိ ဖိုးလ မော်ပြင် မြေနေရာကို ဒေသခံတစ်ဦးနှင့် ဒေသခံမဟုတ်သူများက ဥယျာဉ်ခြံမြေ အဖြစ် လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။
လျှောက်ထားလာမှုကို ခွင့်မပြုရန် နှင့် ဒေသခံများက အဆိုပါမြေနေရာကို ကျေးရွာပိုင်မြေအဖြစ် ဆက်လက်ထားရှိ လိုခြင်းအပေါ် ကူညီဆောင်ရွက်ပေးရန် အထက်ပါစာအရ သိရသည်။

သဘောမတူကြောင်း ကန့်ကွက် သည့်စာတွင် တီဇစ်ကျေးရွာမှ ဒေသခံ ၈၁ ဦးက လက်မှတ်ရေးထိုးထားသည်။
“ဒေသခံတွေက ရွာပိုင်မြေအဖြစ်နဲ့ ဆက်ထားကြစေချင်တာ၊ ရပ်ရွာဖွံ့ဖြိုး ရေးအတွက် အစိုးရအစီအမံနဲ့ လုပ်မယ် ဆို တော်သေးတယ်”ဟု စာတင်ရန် ကူညီပေးခဲ့သည့် ဦးခင်မောင်သိန်းက ပြောသည်။
အဆိုပါ မြေနေရာကို အောက်တို ဘာလ ၂၃ ရက်တွင် သက်ဆိုင်ရာဌာန များ ပါဝင်သည့်အဖွဲ့က ကွင်းဆင်းစစ် ဆေးခဲ့ပြီးနောက် ဒေသခံများက စိုးရိမ် ကာ ယင်းကဲ့သို့ စာတင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒေသအရင်းအမြစ်ကို အခြားသူ တွေက လက်ဝါးကြီးအုပ်တာမျိုး မဖြစ် စေချင်ဘူး၊ ရွာပိုင်မြေအဖြစ် သတ်မှတ် ထားတာကို ရွာကလူတွေ အကျိုးခံစားခွင့် ရတာပဲ လိုချင်တယ်”ဟု တီဇစ်ရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်မြင့်ထူး က ပြောသည်။
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖြစ် သည့် အဆိုပါနေရာတွင် တစ်ဦးလျှင် ၁၀ ဧကနှုန်းဖြင့် လူငါးဦးက စိုက်ပျိုးရေး လုပ်ရန်အတွက် ပြီးခဲ့သည့်နှစ်က လျှောက်ထားခဲ့ကြောင်း ထားဝယ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန(မြေစာရင်း)ထံမှ သိရ သည်။