ဘုရင့်နောင်ကုန်းတွင် ပစ္စည်းရက်ဆက် အခိုးခံရ

0
523

ဘုရင့်နောင်ကုန်းတွင် အောက်တို ဘာလ တတိယအပတ်က ပစ္စည်းများ ၃ ရက်ဆက်တိုက် အခိုးခံရသည်။
အောက်တိုဘာလ ၁၈၊ ၁၉ နှင့် ၂၀ ရက် ညများတွင် ဘိလပ်မြေဖျော်သည့် ပစ္စည်းအချို့၊ ရုပ်ထုမီးထွန်းသည့် မာ ကျူရီမီးဆလိုက်၊ ဆိုလာ LED မီးသီး ထွန်းသည့် ဘက်ထရီများ၊ လာရောက် လည်ပတ်သူတစ်ဦး၏ မော်တော်ဆိုင် ကယ်တစ်စီးတို့ကို ခိုးယူခံခဲ့ရကြောင်း အဆိုပါကုန်းတွင် စည်ပင်သာယာရေး အဖွဲ့မှ ဝင်းတံခါးအပိတ်အဖွင့် တာဝန် ပေးထားသည့် မအေးနွယ်က ပြောသည်။

စက်တင်ဘာလ နောက်ဆုံးအပတ် ကလည်း ကုန်းပေါ်ရှိ လျှပ်စစ်မီးအချို့ ဖြတ်ယူသွားခံရသေးသည်။
“လျှပ်စစ်မီးလုံးဆို ညဘက်အသစ် လဲထားတာ မနက်ဘက်ကျတော့ မရှိ တော့ဘူး”ဟု မအေးနွယ်ကပြောသည်။
ဘုရင့်နောင်ကုန်းတံခါးကို နံနက် ၆ နာရီမှ ည ၈ နာရီအထိ ဖွင့်ပြီး တံခါး ပိတ်ချိန်တွင် ခေါင်းလောင်းထိုးပြီး လူရှိ မရှိလိုက်လံ စစ်ဆေးသည်ဟု ၎င်းက ပြောသည်။

ဘုရင့်နောင်ကုန်း နေရာသည် ကော့သောင်းမြို့ အထင်ကရ နေရာတစ် ခုဖြစ်ပြီး ခရီးသွားဧည့်သည်များနှင့် ဒေ သခံများ လာရောက် လည်ပတ်ကြသည်။
“ကုန်းပေါ်ကို SB ရုံးနံဘေးလမ်း၊ ဆိပ်ကမ်းသာပန်းခြံဘက်က တက်လမ်း၊ တူဒေးစာပေဆိုင်အရှေ့လမ်းတွေဘက်ကနေ တက်ရတယ်၊ အောက်ဘက်ပတ် လမ်းကတော့ တစ်ညလုံးလမ်းလျှောက် တက်လို့ရတယ်၊ အဲ့ဒီလမ်းကနေ ရုပ်တု ရှိတဲ့နေရာကိုလဲ ကျော်တက်ရတဲ့နေရာ တွေ ရှိတယ်၊ ဒီလမ်းမှာကလဲ လမ်းမီးက ရင်ပြင်အသစ် တစ်ဝိုက်ပဲရှိတော့ မှောင် ရိပ်ခိုရတယ်၊ တစ်လောကလဲ သမီးရည်း စားအတွဲတစ်တွဲ ကက်ကြေးကိုက်စားတဲ့ တူနဲ့ နောက်ကထောက်ပြီး ပစ္စည်းလုခံရ သေးတယ်။ CCTV ဒါမှမဟုတ် လျှပ်စစ် မီးတိုင်တွေ အပြည့်ထွန်းနိုင်ရင်တော့ ကောင်းမယ်”ဟု ဘုရင့်နောင်ကုန်းတွင် နေ့စဉ် အားကစား လာလုပ်နေသည့် ကိုမောင်ကြီးက အကြံပြုသည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ အသိ ပေးတိုင်ကြားထားပြီး ထပ်မဖြစ်အောင် ဆောင်ရွက်နေကြောင်း ကော့သောင်းမြို့ နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးဘဂွမ်ထံမှ သိရသည်။