အသစ်ဖွဲ့မည့် အရေးပေါ် လူနာတင်ယာဉ်အဖွဲ့များကို စိစစ်ပေးရန် တိုင်းအစိုးရထံ တင်ပြမည်

0
674

ထားဝယ်ခရိုင်အတွင်း အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့များ အသစ်ဖွဲ့စည်းမည်ဆိုပါက စိစစ်ပေးရန် တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ် ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။
အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ အသစ်ဖွဲ့စည်းမည်ဆိုပါက ရပ်ရွာဒေသ အတွင်း အမှန်တကယ်လိုအပ်ချက် ရှိ^မရှိ စိစစ်ပေးနိုင်ရန် တင်ပြမည်ဖြစ် ကြောင်း ဦးနိုင်မျိုးသွင်က ပြောသည်။

လက်ရှိတွင် အရေးပေါ်လူနာတင် အဖွဲ့အချို့မှာ ရပ်ရွာအတွင်းနေပြည်သူ များက လူနာတင်ဆောင်ရန် အကူအညီ တောင်းခံ၍မရသည့် အခြေအနေမျိုးရှိ နေကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်များကြောင့် အမှန် တကယ် အကူအညီပေးနေသည့် အရေး ပေါ်လူနာအဖွဲ့များ၏ ပုံရိပ်ကျ ဆင်းနိုင် သဖြင့် တိုင်းအစိုးရထံ စာတင်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးနိုင်မျိုးသွင် က ပြောသည်။

လက်ရှိတွင် ထားဝယ်ခရိုင်အတွင်း အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ပေါင်း ၇၆ ဖွဲ့ရှိပြီး ၅ ဖွဲ့ခန့်က အကြောင်း အမျိုးမျိုးကြောင့် လူနာသယ်ဆောင်သည့် လုပ်ငန်းရပ်နားထားကြောင်း ၎င်းက ဆိုသည်။
“အရေးပေါ်လူနာတင်ယာဉ် လုပ် ထားပြီး အကူအညီတောင်းခံရင် အကူ အညီမပေးလို့ ပြဿနာရှိနေတာတွေ ရှိတယ်၊ ဒါကြောင့် လာမယ့်အပတ်မှာ စာတင်သွားမှာပါ”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။
ထားဝယ်ခရိုင်အတွင်း ခရိုင်အရေး ပေါ်လူနာတင်ယာဉ်ကွန်ရက်ကို ဖွဲ့စည်း ထားပြီး လိုအပ်ပါက ချိတ်ဆက်လုပ် ဆာင်လျက် ရှိသည်။