မြိတ်မီတာခ တစ်ယူနစ် ၅၀ဝ ကျပ်နီးပါးအထိ ထပ်တက်

0
599

မြိတ်တွင် အောက်တိုဘာလ အတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၅၀ဝ ကျပ်နီးပါးအထိ ထပ်တက်မည်ဖြစ် ကြောင်း မြိတ်မီးလင်းရေးလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ အောက်တိုဘာလအတွက် တစ်ယူ နစ်လျှင် ၄၉၅ ကျပ် ကောက်ခံမည်ဖြစ် သည်။

ဩဂုတ်လက တစ်ယူနစ်လျှင် ၄၂၅ ကျပ်သာ ရှိခဲ့ရာမှာ စက်တင်ဘာလတွင် တစ်ယူနစ်လျှင် ၄၅၅ ကျပ်အထိ မြင့် တက်ခဲ့ ပြီးနောက် အောက်တိုဘာလ အတွက် ထပ်တက်လာခြင်း ဖြစ်သည်။ ဒီဇယ်ဆီဈေးနှုန်းများမြင့်တက် ခြင်းနှင့်အတူ လျှပ်စစ်မီတာခနှုန်းထား များမြင့်တက်လာခြင်းဖြစ်ပြီးကြောင်း မြိတ်မြို့အခြေစိုက် ပုဂ္ဂလိကမီလင်းရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်တင်ဘာလက ဒီဇယ် တစ်ပီပါ လျှင် ပျမ်းမျှ ၂၁၀ဝ၀ဝ ကျပ်နှုန်းဖြင့် ဝယ်ယူ ခဲ့ရာမှာ အောက်တိုဘာလတွင် ဒီဇယ် တစ်ပီပါလျှင် ၂၂၈၅၀ဝ နှုန်းဖြင့် ဝယ်ယူ နေရခြင်းကြောင့် မီတာခနှုန်းထား များကို တိုးမြှင့်လိုက်ရခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ မြိတ်တွင် ပုဂ္ဂလိကမီးလင်းရေးလုပ် ငန်း ၉ ခုရှိသည