ဖော့သုတ်ကျေးရွာနေ ထိုင်းလူမျိုး ၂ ဦးထံမှ မူးယစ်ဆေးများနှင့်အတူ သေနတ်များဖမ်းမိ

0
414

ကော့သောင်းခရိုင် ၊ ခမောက်ကြီး မြို့နယ်၊ ဖော့သုတ်ကျေးရွာတွင် အောက် တိုဘာ ၂၄ရက်က ကျေးရွာနေ ထိုင်း လူမျိုးနှစ်ဦးထံမှ မူးယစ်ဆေးဝါးများနှင့် အတူ သေနတ်နှင့် ကျည်တောင့်များ ဖမ်းဆီးရမိခဲ့သည်ဟု ကော့သောင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖော့သုတ်ကျေးရွာတွင် မူးယစ် ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်း အရ မူးယစ်တပ်ဖွဲ့စု (၃၄)မှ ၄င်းတို့နေ အိမ်များသို့ ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံများနှင့်အတူ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကိုပါ ပူးတွဲရှာဖွေ တွေ့ရှိခဲ့သည်ဟု အထက်ပါ ရဲစခန်းက ဆိုသည်။

အသက် ၃၈နှစ်အရွယ် ထိုင်းအမျိုး သားတစ်ဦးထံမှICE ဝ.၈၇၄၈ကီလို ဂရမ်၊WY စိတ်ကြွဆေးပြား (၁၄၀ဝ) ပြား၊ ဆေးခြောက်ဟုယူဆရသော ဘလောက်တုံးတစ်တုံး ၊ ချက်နိုင်ငံထုတ် ပြောင်းရစ်ပါ ပြောင်းရှည်သေနတ်တစ် လက်၊ ကျည်ကပ်တစ်ခု၊ စနိုက်ဘာ တစ်လက် ၊ ပွိုင့် ၂၂ အမျိုးအစား ကျည် ၃၉ တောင့်၊ အမေရိကန်နိုင်ငံထုတ် ပြောင်းတို သေနတ်တစ်လက်၊ ကျည် ကဒ် ၁ ခု ၊ ကျည် ၇၀ ထောင့် ၊ ဂရမ်ချိန် စက်တစ်လုံး၊ မူးယစ်ဆေးဝါး ဆက်စပ် ပစ္စည်းများကို ဖမ်းဆီရမိခဲ့သည်။ အသက် ၄၅နှစ်အရွယ် ထိုင်းအမျိုး သားတစ်ဦးထံမျွှ့စိတ်ကြွဆေးပြား ၄၅၆၀ ပြား ICE ၅၀ဝ ဂရမ်၊ ခြောက်လုံး ပြူး ၂ လက်၊ ကျည် ၁၅ တောင့်နှင့်အတူ အခြား ဆက်စပ်ပစ္စည်းများကို သိမ်း ဆည်းရမိခဲ့သည်။ ၄င်းတို့နှင့်အတူ အဖော်သူငယ်ချင်း တစ်ယောက်ကိုလည်းICE ၄.၃ဂရမ် တို့နှင့်အတူ ဖမ်းဆီးမိခဲ့သည်ဟု အထက် ပါ ရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေး လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ထိုင်းလူမျိုး သုံးဦးကို မူးယစ်ဆေးဖြန့်ဖြူးရောင်းချ ခြင်း၊ တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်ထားခြင်းတို့ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။ နိုင်ငံသား မဟုတ်သည့်အတွက် လ.ဝ.က ဥပဒေအရလည်း အရေးယူနိုင် ရန် သက်ဆိုင်ရာ ဌာနက စစ်ဆေးနေ သည်ဟု ၄င်းက ဆိုသည်။ ဖော့သုတ်ကျေးရွာတွင် ထိုင်းလူမျိုး များသည် လက်နက်ကိုင်ပြီး မူးယစ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချ နေသည့် ကိစ္စအား အရေးယူပေးရန် အောက်တိုဘာ ၁၅ရက်က ဝန်ကြီးချုပ် ခရီးစဉ်တွင် တိုင်ကြားခဲ့ကြောင်း ဖော့ သုတ်ကျေးရွာ NLD ရပ်ကျေး ဥက္ကဋ္ဌ ဦးကျော်ဌေးက ဆိုသည်။

ဖော့သုတ်ကျေးရွာသည် ခမောက် ကြီးမြို့ ရှမ်းကိုးရွာအနက် တစ်ရွာဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်နှင့်အနီးဆုံး ကျေးရွာ များ ဖြစ်သည့်အတွက် ထိုင်းလူမျိုးသည် အထောက်အထားမရှိ လာရောက်နေထိုင် ကြပြီး သစ်ခိုးထုတ်ခြင်း မူးယစ်ဆေး ရောင်းဝယ်ခြင်းနှင့် လယ်ယာမြေတွေထဲ တွင် သစ်ပင်စိုက်နေသည့်အပေါ်ကျေးရွာ သားများမှ ဝန်ကြီးချုပ်ထံ တိုင်းကြားထား ကြောင်း သိရသည်။