ထားဝယ်-ထီခီး ပြင်ပကားများအတွက် ယာယီပြေးဆွဲခွင့်လက်မှတ် နှုန်းထား လျှော့ချ

0
494

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ အသင်းမဝင်ဘဲ ပြေးဆွဲနေ သည့် ပြင်ပမော်တော်ယာဉ်များအတွက် ယာယီပြေးဆွဲခွင့်လက်မှတ်နှုန်းထား လျှော့ချထားကြောင်း ထားဝယ်-ထီးခီး မော်တော်ယာဉ် ကြီးကြပ်ရေးအသင်းထံမှ သိရသည်။

ယာဉ်လိုင်စင်ရှိသော်လည်း လုပ်ငန်း လိုင်စင်မရှိဘဲ ပြေးဆွဲနေသည့် ပြင်ပ ကားများကို ယခင်က တစ်စီးလျှင် ကျပ်တစ်သိန်းနှုန်း သတ်မှတ်ထားသော် လည်း အောက်တိုဘာလ ဒုတိယအပတ်မှ စတင်၍ ကျပ်ငါးသောင်း လျှော့ချလိုက် ခြင်းဖြစ်ကြောင်း အထက်ပါအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်မိုးက ပြောသည်။ “ပြင်ပယာဉ်ပိုင်ရှင်တွေက တစ် သိန်းက များတယ်ဆိုပြီး တင်ပြလာလို့ လျှော့ချပေးလိုက်တာပါ”ဟု ဦးသန်းဇော်မိုး က ဆိုသည်။ ထားဝယ်မြို့မှ ထီးခီးသို့ ပြေးဆွဲနေ သည့် မော်တော်ယာဉ်များတွင် တရား မဝင်လိုင်စင်မဲ့ယာဉ်များ ထိန်းချုပ်နိုင်ရန် ယင်းလမ်းကြောင်းတွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်များကို ယာယီပြေးဆွဲခွင့် ကတ်များ အောက်တိုဘာလ ပထမ အပတ်မှ စတင်ထုတ်လျက်ရှိသည်။

ယင်းကဲ့သို့ ယာယီပြေးဆွဲခွင့်ကတ် များ ထုတ်ပေးရာတွင် ယာဉ်လိုင်စင်ရှိပြီး လုပ်ငန်းလိုင်စင်မရှိသည့်သူများကို လည်း ယင်းလက်မှတ်များ ထုတ်ပေး နေပြီး အောက်တိုဘာလ ၂၅ ရက်အထိ စာရင်းအရ ပြင်ပမော်တော်ယာဉ်နှစ်စီး သာ လက်မှတ်ပြုလုပ်ထားကြောင်း ဦးသန်းဇော်မိုးက ပြောသည်။

ယာဉ်လိုင်စင်နှင့် လုပ်ငန်းလိုင်စင် ရှိပြီး ယာဉ်လိုင်းအသီးသီးတွင် အသင်း ဝင်ထားသည့် မော်တော်ယာဉ်များမှာ အစီး ၉၀ ခန့် လက်မှတ်လာရောက် လုပ် ကိုင်ထားပြီး ယင်းမော်တော်ယာဉ်တစ်စီး လျှင် ကျပ်တစ်သောင်းနှုန်း ကောက်ခံ ကြောင်း ゞင်းက ပြောသည်။ ထားဝယ်၊ ထီးခီးလမ်းကြောင်းတွင် ပြေးဆွဲနေသည့် မော်တော်ယာဉ် ၄၀ဝ ခန့်ရှိသည့်အနက် ထက်ဝက်ခန့်မှာ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ် ကြောင်း ထားဝယ်၊ ထီးခီးမော်တော် ယာဉ်ကြီးကြပ်ရေးအသင်းထံမှ သိရ သည်။