ပလတွင် ညအိပ်နေစဉ် သားအမိ ၃ ယောက် အက်စစ်အပက်ခံရ

0
511

ညအိပ်နေစဉ် အက်စက်ဖြင့်အပက် ခံရ၍ သားအမိ ၃ ယောက်မြိတ်ဆေးရုံကြီး တွင် ကုသမှုခံနေရကြောင်း ကာယကံရှင် နှင့် ယင်းဆေးရုံထံမှ သိရသည်။ ပုလောမြို့နယ် ပလမြို့၊ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၁၉ ရက်၊ ည ၁ နာရီခွဲ အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပလမြို့ တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့သည်။

ယင်းမှတစ်ဆင့် မြိတ်ခရိုင် ပြည် သူ့ဆေးရုံကြီးသို့ အောက်တိုဘာလ ၂၁ ရက်နေ့၌ လွဲပြောင်းပေးခဲ့ကြောင်း သိရ သည်။ အက်စက်ဖြင့် အပက်ခံရ၍ မိခင် ဖြစ်သူဒေါ်မွှေးမွှေးကြူ အသက် ၃၈ နှစ်တွင် မျက်နှာတစ်ခြမ်း၊ လက်နှင့် ခြေ များ ထိခိုက်ခဲ့သည်။ ၅ နှစ်အရွယ် သမီးတွင် ခြေနှစ်ဖက် နှင့် လက်တစ်ဖက် ထိခိုက်မှုရှိခဲ့ကာ ၃ နှစ်အရွယ် သမီးလေးမှာ မျက်နှာ၊ ရင် ဘတ်၊ နောက်ကျောနှင့် ခြေနှစ်ဖက်စလုံး ထိခိုက်မှုရှိခဲ့ကာ စိုးရိမ်ရသည့် အခြေ အနေရှိနေကြောင်း ကာယကံရှင် ဒေါ်မွှေးမွှေးကြူက ပြောသည်။တအားပူပြီး ပြောပြမတတ်အောင် ကို ခံစားရတယ်။ သုံးယောက်စလုံး ကြမ်းပြင်ပေါ်မှာ တဆတ်ဆတ်တုန် နေတယ်”ဟု ၄င်းက ပြောသည်။ အိပ်မောကျနေချိန် လာပက်သွား သည့်အတွက် မည်သူမည်ဝါပက်သည်ဟု မသိလိုက်ဟု ဒေါ်မွှေးမွှေးကြူက ပြောသည်။

ဒဏ်ရာရသူများအနက် အသက် ၃ နှစ်အရွယ် သမီးငယ်ကို အောက်တိုဘာ လ ၂၂ ရက်တွင် ခွဲစိတ်ခန်းဝင်ရမည်ဟု ဒေါ်မွှေးမွှေးကြူ၏ အစ်မဖြစ်သူက ပြော သည်။ ဒေါ်မွှေးမွှေးကြူ၏ ခင်ပွန်းဖြစ်သူ မှာ နောက်အိမ်ထောင်ပြု၍ တစ်ခြား ဒေသသို့ သွားရောက်နေထိုင်နေလျက်ရှိ ပြီး ဒေါ်မွှေးမွှေးကြူမှာ အိမ်နီးချင်း မိသားစု တစ်စု၏ နေအိမ်တွင် ကူညီလုပ်ကိုင်ရင်း မှီခိုနေထိုင်နေကြောင်း ပလမြို့အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟိုလွင်က ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး အိမ်ရှင် ဖြစ်သူ ဦးဇော်လှိုင်က တရားလိုပြုလုပ် ကာ ပလမြို့ ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။