ဲစိုက်တောင်သူများကို ပထမဆုံးအကြိမ် ငွေထုတ်ချေးမည်

0
423

ဲစိုက်တောင်သူများကို တနင်္သာရီ တိုင်းတွင် ပထမဆုံးအကြိမ် ငွေထုတ် ချေးမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တနင်္သာရီတိုင်းဒေသကြီး မန်နေဂျာက ပြောသည်။ ပဲပုပ်၊ ပဲလွန်း၊ ဘိုကိတ်၊ မတ်ပဲ၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ လုံးဖြူနှင့် နှမ်းစိုက်တောင်သူများကို တစ်ဧကလျှင် ငွေကျပ် တစ်သိန်းထုတ် ချေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး မန်နေဂျာ ဒေါ်လဲ့လဲ့သန်းဌေးက ဆိုသည်။

ချေးငွေကို အောက်တိုဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ထုတ်ချေးမည်ဖြစ်ပြီး ထားဝယ်မြို့နယ် တွင် ငွေကျပ် ၁၀ သိန်း ၊ ပုလောမြို့ နယ်တွင် ကျပ် ၉ သိန်းနှင့် သရက်ချောင်း မြို့နယ်တွင် ၇၃ သိန်း ထုတ်ချေးမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ “ပဲမျိုးစုံကို ပြီးခဲ့တဲ့နှစ်တွေက မချေးခဲ့ဘူး၊ ဒီနှစ်မှ စချေးတာပါ”ဟု ဒေါ်လဲ့လဲ့သန်းဌေးက ဆိုသည်။

မြန်မာနိုင်ငံတဝန်းတွင် ယခင် ဘဏ္ဍာနှစ်က အခြားသီးနှံအတွက် တစ်ဧက လျှင် ငွေကျပ် ၅ သောင်းသာ ထုတ်ချေး ရာမှာ ယခုဘဏ္ဍာရေးနှစ်တွင် ကျပ် ၁ သိန်းအထိ တိုးမြှင့်ခဲ့သည်။ အခြား သီးနှံဆိုသည့် ခေါင်းစဉ် အောက်တွင်အထက်ပါပဲမျိုးစုံ ပါဝင် သည်။ စိုက်ပျိုးစရိတ်ချေးငွေအတွက် အတိုးနှုန်းအနေဖြင့် တစ်နှစ်အတွက် ၈ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း အဆို ပါဘဏ်ထံမှ သိရသည