ထားဝယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသခွင့်မရသည့် ကလေးငယ်သေဆုံး

0
505

ထားဝယ်ပြည်သူ့ဆေးရုံသို့သွားပြ ခဲ့သော်လည်း အတွင်းလူနာအဖြင့် ဆေး ကုသခွင့်မရသည့် သုံးနှစ်အရွယ်ကလေး တစ်ဦး အိမ်သို့ပြန်အရောက်ပြီး နာရီ ပိုင်းအကြာတွင် သေဆုံးသွားခဲ့ကြောင်း ယင်းကလေး၏ မိဘနှစ်ဦးထံမှ သိရ သည်။ လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေး ရွာအုပ်စု၊ မြောင်းပေါက်ကျေးရွာမှ သုံး နှစ်အရွယ်ကလေးတစ်ဦးသည် နေမ ကောင်းသဖြင့် အောက်တိုဘာလ ၂၄ ရက်နံနက် တစ်နာရီခန့်တွင် ထားဝယ် ပြည်သူ့ဆေးရုံကို သွားရောက်ပြသခဲ့ ကြောင်း ယင်းကလေး၏ ဖခင် ဦးထွန်းနိုင်က ပြောသည်။

ကလေးမှာ စိုးရိမ်ရသည့် အခြေ အနေတွင်ရှိသောကြောင့် အတွင်းလူနာ အဖြင့်ကုသပေးရန် တောင်းဆိုခဲ့သော် လည်း ယင်းဆေးရုံ၏ အရေးပေါ်နှင့်ပြင် ပလူနာဌာနမှ တာဝန်ကျဆရာဝန်က စမ်းသပ်မှု အနည်းငယ်သာပြုလုပ်ပေး ခဲ့ကြောင်း ဦးထွန်းနိုင်က ပြောသည်။ ယင်းကဲ့သို့ စမ်းသပ်ပြီးနောက် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသ ရန်မလိုအပ်ဟုဆိုကာ စားဆေး သုံးရက် စာပေးပြီးရွာကိုချက်ချင်း ပြန်လွှတ်လိုက် ကြောင်း ဦးထွန်းနိုင်က ပြောသည်။

ရွာသို့ပြန်ရောက်လာပြီး နာရီပိုင်း အကြာ နံနက်သုံးနာရီခန့်တွင် ယင်း ကလေးမှာသေဆုံးသွားခဲ့ကြောင်း ယင်း ကလေး၏ မိသားစုဝင်များနှင့် အိမ်းနီး ချင်းအချို့ကပြောသည်။ “ဆရာဝန်က ဒီအချိန်ကြီး ဘာလို့ ဆေးရုံတင်လာတာလဲဆိုပြီး မေးတယ်။ နောက်ဆို ဒီအချိန် ဆေးရုံတင်မလာနဲ့တဲ့ မိုးလင်းမှ ဆေးရုံခေါ်လာဆို ပြီးပြောရင်း နဲ့နားကြပ်နဲ့စမ်းပေးတယ်။ ကျွန်တော် တို့က ကိုယ့်သားကို စိတ်မချလို့ ဆေးရုံ မှာကုမယ်ပြောတာကို ကလေးက ဘာမှ မဖြစ်ဘူးတဲ့။ ဆေးရုံမတက်နဲ့တော့ဆင်း သွားတော့ဆိုပြီး ပြောတယ်”ဟု ဦးထွန်း နိုင်က ဆိုသည်။ ယင်းကလေး ဆေးရုံတက်လာစဉ် စမ်းသပ်စစ်ဆေးချက်အရ ကိုယ်အပူချိန် ၁၀ဝဖာရင်ဟိုက် ရှိရုံမှလွဲပြီး အသက်ရှု ကြပ်ပြီး မောပမ်းနေမှုမရှိခြင်း၊ နှလုံးခုန် နှုန်းလည်း ပုံမှန်အတိုင်းရှိနေခြင်း စသဖြင့် စိုးရိမ်ရသည့် အခြေအနေတွင် မရှိသောကြောင့် ပြန်လွှတ်လိုက်ခြင်းဖြစ် ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံ ခေတ္တ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်မြင့်က ပြောသည်။

“ဆရာတို့ဘက်ကလည်း မထင် မှတ်ဘဲ အခုလို ရုတ်တရက်ဖြစ်သွားတာ ကို အဲဒီကလေးမိသားစုအတွက်လွန် စွာ စိတ်မကောင်းဖြစ်မိတယ်”ဟု ၄င်း က ဆိုသည်။ ယင်းကလေးအား ပြင်ပလူနာဌာန မှတ်ပုံတင်အမှတ် ၂၈၈၅၈ ဖြင့် စာရင်း သွင်းပြီး အဖျားကျဆေးနှင့် အအေးမိ ပျောက်ဆေးတို့ကို သုံးရက်စာ အခမဲ့ ပေးလိုက်ကြောင်း ဒေါက်တာဇော်မြင့်က ပြောသည်။ ပိုးသတ်ဆေး တစ်မျိုးကိုလည်း အပြင်တွင်ဝယ်သောက်ရန် ပြောပြလိုက် ပြီး နောက်သုံးရက်ကြာလျှင် ပြန်လာပြ ရန်လည်း မှာလိုက်ကြောင်း ၄င်းက ပြောသည်။ ဆေးရုံတွင် ပြင်ပလူနာဌာန မှတ် ပုံတင်ထားသည်ဟုဆိုသော်လည်း ယင်း ကလေး၏ မိဘများပြသသည့် ဆေးကု သမှုမှတ်တမ်း စာအုပ်တွင်မှု ကလေး အမည်၊ အသက်၊ နေရပ် လိပ်စာနှင့် ပြင်ပလူနာဌာန မှတ်ပုံတင်အမှတ်တို့ ရေးသွင်းထားခြင်း မရှိပေ။

ထားဝယ်ပြည်သူ့ဆေးရုံ အရေး ပေါ်နှင့် ပြင်ပလူနာဌာနတွင် တစ်နေ့ လျှင်ပျမ်းမျှ လူဦးရေ ၁၇၀ နှင့် ၁၈၀ အကြား လာရောက်ကုသနေပြီး အတွင်း လူနာအဖြင့် ကုသရန်လိုအပ်သူများကိုသာ အတွင်းလူနာအဖြစ် ကုသပေး ကြောင်း ဒေါက်တာဇော်မြင့်က ပြော သည်။ ယင်းကဲ့သို့ ကလေးများ ရုတ်တ ရက်သေဆုံးရခြင်းမှာသွေးထဲတွင် အချို ဓာတ်လျှော့နည်းနေခြင်း၊ ဖျားပြီးလျှင် အတက်ရောဂါ ဖြစ်တတ်သည့် ကလေး များတွင် အသက်ရှုလမ်းကြောင်း ပိတ် ဆို့မှုဖြစ်ခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ကလေးအထူးကု ဆရာဝန်တစ်ဦးက ပြောသည်။ သေဆုံးသွားသည့် အသက်သုံးနှစ် အရွယ် မောင်ရဲကိုထွေးအား အောက်တို ဘာလ ၂၆ ရက်က သဂြ င်္ိုလ်ခဲ့သည်။