တနင်္သာရီဂျာနယ်အမှု ပယ်ဖျက်ပေးရန် လျှောက်ထားမှု ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပလပ်

0
430

တနင်္သာရီဂျာနယ်တွင် မဲဆွယ် အပြုံး သရော်စာ ဖော်ပြခဲ့သည့်အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆို ထားသည့်အမှုကို ပယ်ဖျက်ပေးရန် ပြည် ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားမှုအပေါ် လက်မခံဘဲ ပလပ်လိုက်ကြောင်း ဂျာနယ်ဘက်က အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောသည်။ တနင်္သာရီဂျာနယ်ဘက်က အမှုချေ ဖျက်ပေးရန် နေပြည်တော်ရှိ ပြည်ထောင် စု တရားလွှတ်တော်ချုပ်ထံ လျှောက်ထား မှုကို အောက်တိုဘာလ ၂၆ ရက်တွင် အမှုကို လက်ခံရန်သင့်/မသင့် အကျဉ်း နည်းဖြင့် ကြားနာပြီးနောက် ပလပ်လိုက် ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့ နေ ဦးအောင်သိန်းက ဆိုသည်။

“စွဲချက်တင်ထားပြီး ဖြစ်တဲ့အတွက် အမှုတွဲချေဖျက်ဖို့ မသင့်ဘူးဆိုတဲ့သဘော သက်ရောက်လို့ပါပဲ၊ ကျွန်တော်တို့က ဒီအမှုကို ဆုံးခန်းတိုင်အောင် သွားရမှာ ပေါ့”ဟုတရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။ အဆိုပါအမှုတွင် တနင်္သာရီဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်ရန် အောက်တိုဘာလ ၁ ရက် တွင်ထားဝယ်မြို့နယ်တရားရုံးက အမိန့်ချထားသည်။ တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသား သည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေ သည်ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်း အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေး မှူးက ထားဝယ်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

မြို့နယ်တရားရုံးတွင် ၁၅ ကြိမ် မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် အမှု ပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်ထံ လျှောက်ထားခဲ့ရာ တိုင်းတရားရုံးက ယခုနှစ် ဇူလိုင်လတွင် အမှုအား မပယ်ဖျက်ရန် “ပလပ်” အမိန့်ချမှတ် ခဲ့သည်။ ယင်းအမှုကို ပယ်ဖျက်ပေးရန် လျှောက်ထားရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဖြစ်သည့်အတွက် မီဒီယာ၏ အခန်းကဏ္ဍ၊ သရော်စာ သဘောသဘာဝကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားလိမ့်မည်ဟု မျှော်လင့် ခဲ့မိကြောင်း တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။

တနင်္သာရီဂျာနယ်ဘက်မှ အမှု ချေဖျက်ပေးရန် တိုင်းတရားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တို့ထံ အဆင့်ဆင့်လျှေက်ထားနေသည့် တစ်ဖက်တွင်လည်း ထားဝယ်မြို့နယ် တရားရုံးတွင် ပုံမှန် စစ်ဆေးလျက် ရှိသည်။ ထားဝယ်မြို့နယ်တရားရုံး စစ်ဆေး နေသည့်အမှုဖြစ်စဉ်တွင်မူ တိုင်းအစိုးရ ၏ တရားလိုပြသက်သေ ဒေါ်အေးအေးမိုး ကို ပြန်ခေါ်သက်သေအဖြစ် အောက်တို ဘာလ ၂၉ ရက်တွင် ပြန်လည် စစ် မေးမည် ဖြစ်သည်။