မြိတ်တွင် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အသတ်ခံရ

0
519

မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ် စုတွင် သီတင်းကျွတ်လပြည့်နေ့က အသက် ငါးနှစ်အရွယ် မိန်းကလေးတစ် ဦး အသတ်ခံခဲ့ရကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူ တောင်ကျေးရွာ၊ အမှတ် ၁ ကျောက်ထုတ် လုပ်ကွက်နေထိုင်သည့် အသက်ငါးနှစ် အရွယ် မိန်းကလေးသည် နံနက် ၇ နာရီ ခန့်တွင် အိမ်နီးနားချင်းများနှင့်အတူ သစ်ယာတော ဘုန်းတော်ကြီးကျောင်းသို့ လိုက်သွားခဲ့ကြောင်းအဆိုပါ ကလေး ငယ်၏ မိဘများထံမှ သိရသည်။
ယင်းနောက် နံနက် ၁၁ နာရီခွဲခန့် တွင် အိမ်နီးနားချင်းများ ပြန်ရောက်လာ ကြသော်လည်း သမီးဖြစ်သူ ပြန်မပါလာ သဖြင့် မိဘများက လိုက်လံရှာဖွေရာ နံနက် ၈ နာရီခန့်တွင် အမျိုးသား တစ်ဦး က မာလကာသီးခူးကျွေးမည်ဟု ဆိုကာ ခေါ်သွားခဲ့ကြောင်း မျက်မြင်ကလေးငယ် များထံမှ သိရသည်ဟု အသတ်ခံခဲ့ရသည့် မိန်းကလေး၏ မိခင်က ပြောသည်။

ကလေးငယ်များ၏ ပြောပြချအရ ခေါ်သွားသည့် အမျိုးသားမှာ အမှတ် ၁ ကျောက်မိုင်းလုပ်ကွက်တွင် လုပ်ကိုင် နေသည့် အသက် ၂၅ နှစ်အရွယ် မောင်မောင်သိန်းခေါ် အရှည်ကြီး ဖြစ် သည်ဟု သိရကြောင်း မိခင်ဖြစ်သူက ဆိုသည်။
ယင်းနောက် ၎င်းတို့ကို လိုက်လံရှာ ဖွေခဲ့ရာ မတွေ့သောကြောင့် အရှည်ကြီး ဆိုသူ အမျိုးသား၏ အိမ်ကို လိုက်လံရှာ ဖွေခဲ့ရာ အဆိုပါ အမျိုးသားမှာ အိမ်တွင် အိပ်နေသည်ကို တွေ့ရကြောင်း ကလေး ၏ မိဘများထံမှ သိရသည်။

၎င်းအား မေးမြန်းရာ ၎င်းကိုယ်တိုင် လိုက်လံရှာဖွေပေးခဲ့သည့်အပြင် သူ သတ်သည်ဟု ဝန်ခံခဲ့ကြောင်း မိဘများ က ဆိုသည်။
မိန်းကလေးငယ်အား ၁၂ နာရီခွဲခန့် အချိန်တွင် တောထဲ၌ လက်နှစ်ဖက်စလုံး ကျိုးနေပြီး ခြေနှစ်ဖက် လိမ်ကာ နောက် ကျောနှင့် နဖူးတွင် လက်သီးဖြင့် ထိုး ထားသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရ ကြောင်း မိခင်ဖြစ်သူက ဆိုသည်။
“ကျွန်မသမီးကို ပြုကျင့်ဖို့ ကြံစည် ကြိုးစားရင်း လက်လွန်သွားတဲ့ သဘော လို့ ကျွန်မအနေနဲ့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
သေသူကလေး၏ မိန်းမကိုယ်တွင် မဖွယ်မရာပြုလုပ်ထားခြင်း တစ်စုံတစ်ရာ မတွေ့ရှိဟု ဆရာဝန်က ပြောကြားခဲ့ ကြောင်း မိခင်ဖြစ်သူက ဆိုသည်။
အရှည်ကြီးမှာ အရက်သောက်စား တတ်ပြီး လူပျိုလူလွတ်ဖြစ်ကာ ၎င်းတို့ မိသားစုနှင့် အလွန်ရင်းနှီးပြီး ကလေး များနှင့်လည်း တရင်းတနှီးရှိသည်ဟု အိမ်နီးချင်းများက ဆိုသည်။

“လူပုံအလယ်မှာ နောက်ကျောကို ကောင်မလေးက ထုလိုက်လို့ ဒေါသ ထွက်ပြီး သတ်လိုက်မိတယ်လို့ သူက ထွက်ဆိုတယ်”ဟု မြိတ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။
ကလေးငယ်တွင် အဓမ္မပြုကျင့်ထား သည့် အနေအထားမျိုး မတွေ့ရသကဲ့သို့ အရှည်ကြီးအား သွားရောက်ဖမ်းဆီး သည့် အချိန်တွင်လည်း အရက်သေစာ သောက်စားထားသည့် လက္ခဏာမတွေ့ရ ကြောင်း စခန်းမှူးက ဆိုသည်။

လက်ရှိတရားခံဟု ယူဆရသူ အရှည်ကြီးခေါ် မောင်မောင်သိန်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း မြိတ် မြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။တ်ခံရ