မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားအတွက် ကျပ်သိန်း ၁၀၀၀ ခန့်သုံးရန် လျာထား

0
528

၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားအတွက် ဘဏ္ဍာငွေကို ယမန်နှစ်ကထက် နှစ်ဆကျပ် သိန်း ၁၀၀၀ ခန့်အကုန်ကျခံ ကျင်းပရန် လျာထားကြောင်း အခမ်းအနား ကျင်းပ ရေးကော်မတီထံမှ သိရသည်။

အဆိုပါ အခမ်းအနားကို ယခုနှစ် တွင် ပဲခူးတွင် ကျင်းပမည်ဖြစ်ပြီး ယခင် နှစ်များကထက် ပိုမိုစည်ကားသိုက်မြိုက် စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
“ကော်မတီတွေ ဆပ်ကော်မတီတွေ အားလုံး ဖွဲ့ထားပြီးပြီ၊ အခုက ဗီနိုင်းတွေ မြေစိုက်ပိုစတာကို ဘာပုံတင်မလဲဆိုတာ ကို အကြံပြုပေးကြဖို့ မြို့နယ်အားလုံးကို ဖိတ်ခေါ်ထားတယ်၊ လာမယ့် ၂၈ ရက် နေ့ အစည်းအဝေးမှာ ဆုံးဖြတ်သွားဖို့ရှိ တယ်” ဟု ၇၂ ကြိမ်မြောက် မွန်အမျိုး သားနေ့ဗဟိုအခမ်းအနား ဒုတိယပြန် ကြားရေးမှူး မင်းမင်းနွယ်က ပြောသည်။

၎င်းပြင် ဘဏ္ဍာရန်ပုံငွေလောက်ငှမှု ရှိစေရန် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံမှ ကူညီ ထောက်ပံ့မှုရရှိရန်လည်း ရန်ပုံငွေတောင်း ခံထားကြောင်း ၎င်းက ဆက်ပြောသည်။
မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား ကို နှစ်စဉ်နှစ်တိုင်း တစ်မြို့နယ်စီဖြင့် အလှည့်ကျ ကျင်းပလာခဲ့ရာ ၇၂ ကြိမ် မြောက်ဗဟိုအခမ်းအနားကို တချိန်က မွန်လူမျိုးတို့၏ ဟံသာဝတီနေပြည်တော် ဖြစ်ခဲ့သည့် ပဲခူးမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် စာပေ ပြိုင်ပွဲများ၊ ယဉ်ကျေးမှုအကပြိုင်ပွဲ၊ ပျော် ပွဲရွှင်ပွဲများဖျော်ဖြေပွဲများအပြင် မွန်လူ မျိုးတို့နှင့် ပတ်သက်သည့် ပြခန်းပြသ မည့်အစီအစဉ်လည်း ထည့်သွင်းရန်စီ စဉ်ထားကြောင်း ကျင်းပရေးကော်မတီ ထံမှ သိရသည်။