သီတင်းကျွတ်ကာလ ဆိုင်ကယ်ဝယ်သူများလာ

0
1851

သီတင်းကျွတ်မတိုင်မီနှင့် သီတင်း ကျွတ်ကာလတွင် သာမန်အချိန်ထက် ဆိုင်ကယ် ဝယ်ယူသူများလာကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဈေးကွက် အတွင်းမှ သိရသည်။

သာမန်အချိန်အထူးသဖြင့် မိုးတွင်း ကာလတွင် တစ်စီးမျှမရောင်းရသည့် နေ့များပင်ရှိပြီး သီတင်းကျွတ်မတိုင်မီရက်ပိုင်းနှင့် သီတင်းကျွတ်ကာလအတွင်း တစ်နေ့လျှင် ဆိုင်ကယ် သုံးစီး၊ လေးစီး ခန့် ရောင်းရကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်အချို့ထံမှ သိရ သည်။
“အလှူအတန်းချိန်ဆိုတော့ ပိုပြီး ရောင်းရတယ်။ အများအားဖြင့် သီတင်း ကျွတ်အမီ ပွဲတော်ရက်တွေမှာစီးဖို့ ဆိုင် ကယ်အကောင်းစားတွေ ရောင်းအား ကောင်းတယ်”ဟုထားဝယ်မြို့၊ ရေးလမ်း ရှိ ကိုသက်နိုင် ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ကိုသက်နိုင်က ပြောသည်။

Click I 125 ဆိုင်ကယ်နှင့် Wave 100 2018 Model ဆိုင်ကယ် တို့မှာ အများဆုံးရောင်းရကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်အရောင်းဆိုင် အချို့ထံမှ သိရသည်။
ထိုင်းဘီး Click I 125 ဆိုင်ကယ်2018 Model တစ်စီး၏ ရောင်းဈေး သည် (လိုင်စင်ပါ) နှစ်ဆယ့်ရှစ်သိန်းကျပ်ခန့်ရှိပြီး ဗီယက်နမ်ဖက်စပ် Wave 100 2018 Model တစ်စီး၏ ကာလ ပေါက်ဈေးမှာ (လိုင်စင်ပါ)ဆယ့်တစ် သိန်း ခြောက်သောင်းကျပ်ခန့်ရှိကြောင်း ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရ သည်။