လျှပ်စစ်လုပ်ငန်းဘတ်ဂျက် ယခင် ဘဏ္ဍာနှစ်၏ ခြောက်ပုံတစ်ပုံသာရ

0
658

တနင်္သာရီတိုင်းအတွင်း လျှပ်စစ် လုပ်ငန်းအတွက် ယခုဘဏ္ဍာရေးနှစ် တွင် ရရှိသည့် ဘတ်ဂျက်ငွေမှာ ယခင် နှစ်ရရှိငွေ၏ ၆ ပုံ ၁ ပုံသာ ရရှိကြောင်း တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရ သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ကျပ်ဘီလီယံ၃၀ (သန်းပေါင်းသုံးသောင်း ) ခန့်ရရှိရာမှ ယခုဘဏ္ဍာနှစ်တွင် ၅ ဘီ လီယံ (သန်းငါးထောင်) ကျော်သာ ရရှိခဲ့ ကြောင်း တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး စာရင်းများအရ သိရသည်။

ယခုနှစ်ရရှိသည့် ဘဏ္ဍာငွေများကို 11 KV မီးကြိုးအသစ်သွယ်တန်ခြင်း၊ ကာဗာပါသည့် ကြိုးများဖြင့် လဲလှယ် ခြင်း၊ 400 V လိုင်း မီးကြိုးအသစ်သွယ် တန်းခြင်း၊ ထရန်စဖော်မာများ တပ်ဆင် ခြင်း၊ လျှပ်စစ်ဌာန၏ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း အစရှိသည့် လုပ်ငန်း များတွင် သုံးစွဲမည်ဖြစ်ကြောင်း ဒုတိုင်း လျှပ်စစ်အင်ဂျင်နီယာ အင်ဂျင်နီယာမှူး ကြီး ဦးထွန်းဝဏ္ဏက ဆိုသည်။

“စီမံကိန်း အရေအတွက်တော့ နည်းသွားတာပေါ့”ဟု အင်ဂျင်နီယာမှူး ကြီး ဦးထွန်းဝဏ္ဏက ပြောသည်။
ယင်းအပြင် 11KV ဓာတ်အားလိုင်း နှင့် 400 V လိုင်းအဟောင်းများကို ပြု ပြင်ခြင်းလုပ်ငန်းများကိုလည်း လုပ် ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုဘဏ္ဍာနှစ်တွင် ထားဝယ်ခရိုင် အတွင်း 11KV လိုင်းအသစ် ၉ ဒဿမ ၅ မိုင်၊ 400 V လိုင်းအသစ် ၁၃ ဒဿမ ၄ မိုင်သွယ်တန်းခြင်းနှင့် ထရန်စဖော်မာ အသစ် ၆ လုံးတပ်ဆင်မည် ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

မြိတ်ခရိုင်တွင် 11KV လိုင်း အသစ် ၂၃ ဒဿမ ၁၅ မိုင်၊ ၄၀၀ ဠ လိုင်းအသစ် ၁၄ ဒဿမ ၉ မိုင် သွယ် တန်းမည်ဖြစ်ပြီး ထရန်စဖော်မာအသစ် ၁၂ လုံး တပ်ဆင်မည်ဖြစ်ကြောင်း အဆို ပါရုံးထံမှ သိရသည်။
ကော့သောင်းခရိုင်တွင် 11KV ဓာတ်အားလိုင်းအသစ် ၈ ဒဿမ ၅ မိုင်၊ 400 V လိုင်းအသစ် ၂ ဒဿမ ၅ မိုင် သွယ်တန်းဖြစ်မည်ဖြစ်ကြောင်း အထက် ပါရုံး စာရင်းအရ သိရသည်။