မြိတ်မြို့ကို ရေသန့်ပေးရန် တနင်္သာရီမြစ်ရေ ယူမည်ဟုဆို

0
464

တနင်္သာရီမြစ် ရေချိုရယူပြီး မြိတ် မြို့သို့ ရေသန့်ပေးမည့် စီမံကိန်းတစ်ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ် အများပိုင် ကော်ပိုရေးရှင်းလီမိတက်ထံမှ သိရသည်။
အဆိုပါ ရေသန့်ပေးဝေရေးစီမံကိန်း ကို ထိုင်းနိုင်ငံ Bright Blue Water Corporation Limited နှင့် မြိတ်အများ ပိုင်ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီးလုပ် ဆောင်မည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းထံမှ သိရသည်။
“မြစ်ရေကိုရယူပြီးတော့ ရေသန့် အဖြစ်ဆောင်ရွက်ပြီးမှ ဖြန့်ဝေသွားမယ် လို့ စီစဉ်ထားပါတယ်” ဟု မြိတ်အများ ပိုင် ကော်ပိုရေးရှင်းမှ စီမံကိန်းဒါရိုက်တာ ဦးမျိုးအောင်က ပြောသည်။

တနင်္သာရီမြို့ မြစ်ကမ်းဘေးရှိ မော်တုံးကျေးရွာအထက်ဘက်မှ ရေချို အားရယူပြီး မြိတ်မြို့နှင့် မနီးမဝေး တစ် နေရာတွင်ရေချိုသိုလှောင်ကန်နှင့် ရေ သန့်စင်စက်ရုံတို့အား တည်ဆောက်ကာ ရေသန့် PH7 အဖြစ်သန့်စင်ပြီး မြို့တွင်း ရှိ နေအိမ်များအရောက် ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ထားကြောင်း စီမံကိန်း ဒါရိုက်တာ ဦးမျိုးအောင်က ဆိုသည်။
ရေသန့်ကို သင့်တင်သည့် ဈေးနှုန်း ဖြင့် ဖြန့်ဝေပေးမည်ဖြစ်ပြီး နှုန်းထား အတိအကျကိုမူ လက်ရှိအချိန်အတွင် မသတ်မှတ်ရသေးကြောင်း မြိတ်အများ ပိုင်ကော်ပိုရေးရှင်းထံမှ သိရသည်။

စီမံကိန်းနှင့် ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်များအား ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို အောက်တို ဘာလ ၂၃ ရက်က မြိတ်အများပိုင်ရုံး ခန်းတွင် ပြုလုပ်ခဲ့သည်။
ထိုင်းကုမ္ပဏီက ပြည်သူလူထုနှင့် သဘာပတ်ဝန်းကျင်ကို အလေးထား သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ရှင်းပြခဲ့ သည့်အတွက် လက်ရှိစီမံကိန်းတွင်လည်း ယင်းကဲ့သို့ အလေးထားဆောင်ရွက်သင့် သည်ဟု တင်ပြခဲ့ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစီုးပိုင်ဌေးက ပြောသည်။
စီမံကိန်းအကောင်အထည်ဖော်ရန် တိုင်းအစိုးရထံခွင့်ပြုချက်တောင်းခံမည် ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက တည်ဆောက် ရေး လုပ်ငန်းများကို တစ်နှစ်အတွင်း ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ထား ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်း ထံမှ သိရသည်။