သုံးဘီးဆိုင်ကယ်လိုင်စင် ထုတ်ပေးမည်

0
540

တိုင်းအတွင်းရှိ လိုင်စင်မဲ့ သုံးဘီး ဆိုင်ကယ်များကို ယာဉ်လိုင်စင်ထုတ်ပေး တော့မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။
၂၀၀၈ ခုနှစ်နှင့် နောက်ပိုင်းတွင် ထုတ်လုပ်ထားသည့် လိုင်စင်မဲ့ သုံးဘီး များကို တိုင်းကညနရုံးနှင့် ခရိုင်ကညန ရုံးများတွင် နိုဝင်ဘာလ ၁ ရက်မှ ၂၃ ရက်အထိ လိုင်စင်လုပ်ပေးမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

သုံးဘီးဆိုင်ကယ် ယာဉ်လိုင်စင် လုပ်ရာတွင် လိုင်စင်ရှိသော်လည်း ၅ နှစ်နှင့်အထက် သက်တမ်းမတိုးသည့် သုံးဘီးများ၊ ပြန်လည်တပ်ဆင်ထားသည့် ဘေးတွဲဆိုင်ကယ်၊ ကမ်းစပ်တွင် သွား လာသည့် လေးဘီးဆိုင်ကယ်များနှင့် အိုဟောင်းနေသည့် သုံးဘီးဆိုင်ကယ်များ ကိုမူ လိုင်စင်ထုတ်ပေးမည်မဟုတ် ကြောင်း တိုင်းကညနရုံးထံမှ သိရသည်။
ထားဝယ်တွင် တိုင်းဒေသကြီး ကညနရုံး၊ မြိတ်တွင် ကညနရုံးရှေ့ရှိ စည်ပင်ဝင်းနှင့် ကော့သောင်းတွင် OSS ရုံး၌ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရ သည်။
“တိုင်းထဲမှာ ရှိနေတဲ့ ရောက်ရှိ အက္ခရာအတိုင်း နံပါတ်ပေးမယ်၊ ဒီမှာ တော့ နည်းမယ်လို့ ထင်တယ်”ဟု ကညန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ပြောသည်။
သုံးဘီးဆိုင်ကယ် လိုင်စင်လုပ်ရာ တွင် အကောက်ခွန်ဦးစီးဌာနက ကောက် ခံမည့်အခွန်၊ ကညနဌာနက ကောက်ခံ မည့် အခများ၊ မြန်မာ့အာမခံလုပ်ငန်းထံ ပေးသွင်းရမည့် အာမခံကြေး အစရှိသည့် သတ်မှတ်ငွေကြေးများ ပေးသွင်းရမည် ဖြစ်သည်။

သုံးဘီးလိုင်စင်လုပ်ရန်အတွက် အခွန်အခကောက်ခံမည့် သက်ဆိုင်ရာ ဌာနများက ကညနရုံးတွင် လာရောက် ကောက်ခံမည် ဖြစ်ကြောင်း ဦးထင်ပေါ် က ဆိုသည်။
လိုင်စင်လုပ်ရာတွင် ထုတ်လုပ် သည့် ခုနှစ်၊ အင်ဂျင်ပါဝါအပေါ်မူတည် ကာ အနည်းဆုံး ငွေကျပ် ၃သိန်းကျော်မှ အများဆုံး သိန်း ၃၀ ကျော်အထိ ကျသင့် မည်ဖြစ်သည်။
ထားဝယ်ဒေသတွင် လိုင်စင်မဲ့ တင် သွင်းလာသည့် သုံးဘီးဆိုင်ကယ် မရှိသလောက် နည်းပါးပြီး ငါးနှစ်ကျော် သက်တမ်းမတိုးသည့် သုံးဘီးဆိုင် ကယ်များသာရှိကြောင်း ထားဝယ်မြို့ခံ သုံးဘီးယာဉ်မောင်းတစ်ဦးက ဆိုသည်။

သုံးဘီးဆိုင်ကယ်များကို တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးရသည်။
“သိရသလောက်ဆိုရင် သက်တမ်း ငါးနှစ်ကျော်တာတွေပဲရှိတယ်၊ လိုင်စင်မဲ့ တင်သွင်းလာတာမျိုး မရှိဘူး”ဟု အဆိုပါ သုံးဘီးယာဉ်မောင်းက ပြောသည်။
သုံးဘီးလိုင်စင်လုပ်ရာတွင် ပိုင်ရှင် ၏ မှတ်ပုံတင် မူရင်း မိတ္တူ ၊ အိမ်ထောင် စုစာရင်း၊ ရပ်ကွက်အတွင်း နေထိုင် ကြောင်း ရပ်^ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံချက် အစရှိသည့် အချက် အလက်များ လိုအပ်မည် ဖြစ်သည်။