Grand Jade Hotel မီးလောင်၊ လူတစ်ရာကျော်ပိတ်မိခဲ့

0
681

မြိတ်မြို့ရှိ အထပ် ၉ ထပ်ရှိသည့် Grand Jade Hotel တွင် အောက်တိုဘာ လ ၂၅ ရက်နေ့ ည ဆယ်နာရီခွဲအချိန်ခန့် က မီးလောင်ခဲ့ပြီး မီးခိုးထွက်ပေါက်မရှိ သဖြင့် ဟိုတယ်အတွင်း လူတစ်ရာကျော် ပိတ်မိခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်တပ် ဖွဲ့ထံမှ သိရသည်။
ဟိုတယ်၏ အောက်ထပ်ရှိ Grand Jade Hotel Mall ၏ တတိယလွှာ 2P အထည်ဆိုင်မှ မီးလောင်ကျွမ်းခဲ့ရာ မီးခိုးများမှာ အပေါ်ထပ်များရှိ ဟိုတယ် အခန်းများသို့ ပျံ့နှံခဲ့ပြီး မီးခိုးထွက်ပေါက် မရှိသဖြင့် ဟိုတယ်အတွင်းတစ်ခုလုံးပြည့် ခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
ဟိုတယ်အတွင်း မီးခိုးများ ပြည့် နေပြီးလျှပ်စစ်မီးလည်း ဖြတ်တောက် ထားရသည့်အတွက် ယင်သို့ ပိတ်မိခဲ့ ခြင်း ဖြစ်သည်။
“မီးခိုးထွက်ပေါက်မရှိလို့ မှန်တွေခွဲ ပေးရတယ်။ မီးခိုးစုပ်ကွင်းနဲ့ စုပ်ပေးရ တယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

မီးခိုးမွန်းကြပ်ခြင်းကြောင့်ဟို တယ်ဝရန်တာပေါ်ရောက်နေသူများအား အထပ်မြင့်မီးသတ်ယာဉ်ဖြင့် ကယ်ဆယ် နိုင်ခဲ့ပြီး အခန်းတွင်းပိတ်မိနေသူများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ရှာ ဖွေ ကယ်ဆယ်ခဲ့ရကြောင်း ဦးစီးမှူး ဦးဇော်ဝင်းက ဆိုသည်။
ဟိုတယ်အတွင်း တည်းခိုနေသူ ၁၂၁ ဦးအား အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သော်လည်း ကယ်ဆယ်ရေးလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့သည့် သန္ဓေတပ်ဖွဲ့ ဝင်တစ်ဦး၏ လက်တွင် မှန်ရှဒဏ်ရာရရှိ ခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းအပြင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ သန္ဓေတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဟိုတယ် တွင်းတည်းခိုသူ ၁၁ ဦးတို့မှာ မီးခိုးရှုမိပြီး မူးမေ့သတိလစ်ခဲ့ခြင်းကြောင့် မြိတ်ဆေး ရုံကြီးသို့တင်ပို့ခဲ့ရကြောင်း ခရိုင်မီးသတ် တပ်ဖွဲ့ထံမှ သိရသည်။
“မီးခိုက အပြင်ကို သိပ်မထွက်ဘူး။ လူတွေလည်းအလုအယက် ပြေးထွက် လာတာ” ဟု အခင်းဖြစ်နေရာသို့ ရောက် ရှိခဲ့သည် အသက် ၃၀ ရှိအမျိုးသားတစ် ဦးက ဆိုသည်။
မီးလောင်မှုအား ကနဦးအနေဖြင့် ဆေးလိပ်မီးကြွင်းမှတစ်ဆင့်လောင် ကျွမ်းခြင်းဖြစ်ကြောင်း သတ်မှတ်ထား သော် လည်း မီးလောင်သည့်အကြောင်း ရင်းအား ပြန်လည်စစ်ဆေးနေကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုကို ဟိုတယ် အနီးရှိ မီးသတ်ဦးစီးဌာနသို့ ပြည်သူ တစ်ဦးမှ မော်တော်ဆိုင်ကယ်ဖြင့် လာ ရောက် သတင်းပေးပို့သဖြင့် အထပ်မြင့် မီးငြိမ်းသတ်ယာဉ်အပါအဝင် မီးငြိမ်း သတ်ယာဉ်များဖြင့် မီးသတ်ယာဉ် ၅၀ ကျော်ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး နံနက် နှစ် နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ခရိုင်မီး သတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး 2P အထည်ဆိုင်ပိုင်ရှင်အား မြို့မရဲစခန်းက ပ(၁၆၉၂/၂၀၁၈) ပုဒ်မ ၂၈၅ ဖြင့် အမှု ဖွင့် အရေးယူထားကြောင်း မြိတ်မြို့မရဲ စခန်းမှ သိရသည်။