အနံ့ဆိုးကိစ္စ တိုင်းအစိုးရ တကယ် ကိုင်တွယ်နိုင်ပါ့မလား

0
439

မြိတ်မြို့ရှိ ငါးအမှုန့်ကြိတ်စက်ရုံ များမှ ထွက်နေသည့် အနံ့ဆိုးများနှင့်ပတ် သက်၍ တွေ့ဆုံဆွေးနွေးပွဲကို အောက်တို ဘာ ၁၇ ရက်က မြိတ်ခရိုင်အုပ်ချုပ် ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းအစိုးရအဖွဲ့ ဝင်ဝန်ကြီး ဦးဖြိုးဝင်းထွန်း အပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ငါးအမှုန့်ကြိတ်စက် ရုံများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီး ဦးဖြိုးဝင်း ထွန်းက အနံ့ဆိုးထွက်နေသည့် ငါး အမှုန့်ကြိတ်စက်ရုံများကို အရေးယူမည် ဟု မှတ်ချက်ပေးခဲ့ကြောင်း အစည်း အဝေးတက်ရောက်ခဲ့သည့် မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
“နောက်တစ်ကြိမ် ဒီကုမ္ပဏီတွေနဲ့ အစည်းအဝေးထပ်လုပ်တော့မှာ မဟုတ် တော့ဘူး။ ပိတ်သိမ်းတဲ့အထိ အရေးယူ တော့မယ်ဆိုတာကို ဝန်ကြီးကမှတ်ချက် ပေးခဲ့တယ်” ဟု စည်ပင်ကော်မတီဥက္ကဌ ဦးမြတ်ကိုကိုက ပြောသည်။
၎င်းအပြင် ငါးအမှုန့်ကြိတ်စက်ရုံတို့ အား ဒေသန္တာရအမိန့်ထုတ်ပြီး ပိတ်သိမ်း သည်အထိ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဦးမြတ်ကိုကိုက အောက်တိုဘာ လ ၁၉ ရက်တွင် ပြောသည်။

ဒေသန္တာရအမိန့်ဖြစ်သည့် ပုဒ်မ ၁၈၈ ထုတ်ပြန်နိုင်ရေးအတွက် မြိတ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တဆင့် မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး မှူးဦးစီးဌာနထံသို့ တင်ပြထားကြောင်း ဦးမြတ်ကိုကိုက ပြောပြသည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၏ ခွင့်ပြုချက်ကျပါက ဒေသန္တာရအ မိန့်နှင့် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၁ ဖြင့် ပေါင်းပြီး အရေးယူနိုင်ရန်အတွက် တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီး စက်ရုံများ ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ယင်းကြောင့် ငါးအမှုန့်ကြိတ်စက် များ ပိတ်သိမ်းသည်အထိ အရေးယူရန်မှာ တိုင်းအစိုးရ၏ လုပ်ဆောင်ချက်တွင် မူ တည်နေပေသည်။
လက်ရှိအစိုးရလက်ထက်တွင် ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံဆိုးမထွက်ရေးကြိုးပမ်းနေသည်မှာ ယခုမှ မဟုတ်ချေ။
အစိုးရအသစ်ဖွဲ့ပြီးကာစ ၂၀၁၆ ခုနှစ် ဇွန်လဆန်းပိုင်းက ငါးအမှုန့်ကြိတ် စက်ရုံများဖြစ်သည့် ထူးထူးတိုး၊ မင်းဇာ နည်၊ ဗဲင်း(န်)တေ့ခ်ျ)နှင့် အဆောင် ကောင်းစသည့် ကုမ္ပဏီတို့အား ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့က ဝင်ရောက်စစ်ဆေး ပြီးနောက် အနံ့ဆိုးမထွက်အောင် လုပ် ဆောင်ရန် ဝန်ကြီးချုပ်က သတိပေးခဲ့ဖူး သည်။

ယင်းနောက် ၂၀၁၆ ခုနှစ် ဩဂုတ် လ ပထမအပတ်တွင် အနံ့ဆိုးထွက်နေ သည့် မင်းဇာနည်နှင့် အဆောင်ကောင်း ငါးအမှုန့်ကြိတ်စက်ရုံ နှစ်ခုကို ၆ လ ရပ်နားခိုင်းခဲ့သည်။
သို့သော် ယင်းသို့ ရပ်နားခိုင်းပြီး တစ်လကျော်အကြာတွင် အဆောင် ကောင်းကုမ္ပဏီအား ယာယီလည်ပတ်ခွင့် ပြုခဲ့သည်။
ယခုနှစ် မေလကလည်း မြိတ်မြို့ ပေါ်တွင် ငါးအမှုန့်ကြိတ်စက်ရုံ ၄ ခုနှင့် မြိတ်တစ်ဖက်ကမ်း၊ မအိုင်ကျေးရွာအုပ်စု ပထော်ပထက်ကမ်းရှိ ငါးအမှုန့်စက်ရုံ ၁ ခုတို့သည် အနံ့သက်လျော့နည်းရေး အစီအစဉ်များကို ဆက်တိုက်ပြု လုပ်ခဲ့ ကြသည်။

သို့သော် လက်ရှိအချိန်အထိ အနံ့ သက်များ ထွက်ရှိနေသေးကြောင်း စက်ရုံများအနီးရှိ အင်းလေးမြိုင်ရပ်ကွက် နေသူ တစ်ချို့က ဆိုသည်။
“စက်ရုံရှေ့ကဖြတ်သွားရင် အနံ့ တွေအရမ်းဆိုးရွားတယ်” ဟု အင်းလေး မြိုင်ရပ်ကွက်နေ ဦးကျော်သိန်းက ပြော သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်ညကလည်း အနံ့ဆိုးများထွက် ရှိနေသဖြင့် ငါးအမှုန့်ကြိတ်စက်ရုံများသို့ ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောသည်။

“သက်ဆိုင်ရာဌာနတွေကိုပဲ စည်း မျဉ်းစည်းကမ်းအရ အရေးယူပေးပါလို့ တောင်းဆိုထားတယ်” ဟု ဦးစိုးပိုင်ဌေး က ဆိုသည်။
၎င်းအပြင် ငါးအမှုန့်ကြိတ်စက်ရုံ များ၏ အနံဆိုးထွက်ရှိနေမှုတို့အား ဌာန ဆိုင်ရာများပါဝင်သည့် မြို့နယ်ကြီး ကြပ်စစ်ဆေးရေးအဖွဲ့က တစ်လလျှင် တစ်ကြိမ်ခန့် သွားရောက်စစ်ဆေးနေ ကြောင်း ကြီးကြပ်စစ်ဆေးရေးအဖွဲ့ခေါင်း ဆောင်ဖြစ်သည့် မြို့နယ်ငါးလုပ်ငန်းဦး စီးဌာနဦးစီးမှူး ဦးရန်ကင်းက ပြော သည်။
စစ်ဆေးတွေ့ရှိချက်များကို သက် ဆိုင်ရာဌာနများအလိုက် ကုမ္ပဏီသို့ အကြံပြုချက်များပေးခဲ့ပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အစီရင်ခံ စာ ပေးပို့နေကြောင်း ဦးရန်ကင်းက ဆို သည်။

ထို့ပြင် မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါဝင်သည့် ရပ်ကွက် စောင့်ကြည့်ရေးအဖွဲ့ဝင်များကလည်း အောက်တိုဘာလ လဝက်ခန့်မှစပြီး နေ့တိုင်းနီးပါး ဝင်ရောက်စစ်နေကြောင်း မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးထွန်းဝင်းက ပြောသည်။
ယင်းသို့ စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်နေသော်လည်း အနံ့ဆိုးများ ကား ထွက်နေဆဲဖြစ်သည်။
ယင်းသို့ အနံ့ဆိုးများ ထွက်နေခြင်း မှာ အကြောင်းအမျိုးမျိုးကြောင့် မလတ် ဆတ်သည့်ငါးများဝယ်ကြိတ်မိရာမှ နံ သွားသည့်သဘောဟု ယူဆကြောင်း မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးထွန်းဝင်းက ပြောသည်။

“လုပ်ထားတဲ့စနစ်က ကောင်းပေ မယ့် လိုက်နာမှုအပိုင်းမှာ စက်ရုံတစ်ချို့ အားနည်းနေတာကိုတွေ့ရတယ်”ဟု ဦးထွန်းဝင်းက ဆိုသည်။
အဆောင်ကောင်းစက်ရုံ၏ ဒါရိုက် တာဦးမြင့်သူကမူ လတ်ဆတ်သည့် ငါး များကိုသာ အတတ်နိုင်ဆုံး ဝယ်ယူနေ သည်ဟု ဆိုသည်။
ယင်းငါးအမှုန့်ကြိတ်စက်ရုံများကို မြို့နယ် စည်ပင်သာယာရေးကော်မတီ အနေဖြင့် အရေးယူရန် ဆန္ဒပြင်းပြနေ သော်လည်း ယင်းကိစ္စကို ကိုင်တွယ်ရန် အဓိက တာဝန်ရှိသူမှာ တိုင်းအစိုးရသာ ဖြစ်သည်ဟု မြိတ်မြို့ ကျောက်ဖျာကျေး ရွာအုပ်စု ကျောက်ဖျာကျေးရွာကျောင်းမှ ဦးဇင်း ထွန်းရှိန်က မိန့်ကြားသည်။
ဦးဇင်းထွန်းရှိန်သည် တနင်္သာရီ တိုင်းအစိုးရအဖွဲ့၏ အားသာချက် အား နည်းချက်များအား လူကွန်ရက်စာမျက် ပေါ်တွင် ဝေဖန်ထောက်ပြနေသည့် ရဟန်းတော်တစ်ပါး ဖြစ်သည်။

“တာဝန်အရှိဆုံးကတိုင်းအစိုးရပါ။ ဒါပေမယ့် သူတို့ကခရိုနီကိုလွန်ဆန်နိုင် မယ်လို့ မထင်ပါဘူး” ဟု ဦးဇင်းက မိန့်သည်။
မြိတ်မြို့ အနံ့ဆိုးပပျောက်အောင် လုပ်ဆောင်မည်ဟု တိုင်းအစိုးရအပါအ ဝင် တာဝန်ရှိအဖွဲ့အစည်းများက ပြော ဆိုနေကြသော်လည်း မြိတ်မြို့ခံများကမူ သံသယရှိကြဆဲဖြစ်သည်။

“စက်ရုံတွေတည်ရှိသရွေ့တော့ အနံပျောက်သွားမယ်ဆိုတာကို မယုံ ကြည်ဘူး။ စီးပွားရေးသမားတွေက အကျိုးအမြတ်ကိုကြည့်ပြီးတော့ အလုပ် လုပ်မှာပဲ”ဟု မြို့သစ်ရပ်ကွက်နေ ဦးလှိုင်တင်က ပြောသည်။
ရေနံမြေရပ်ကွက်တွင် နေထိုင် သည့် ဦးထွန်းထွန်းဦးကမူ အနံ့ဆိုးထွက် ရှိနေမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောလေသည်။
“ဆိုင်ကယ်ဦးထုပ် ဖမ်းသလိုပဲ။ ဖမ်းတဲ့အချိန်မှာဆောင်းကြပြီး မဖမ်းတဲ့ အချိန်ဆို မဆောင်းကြဘူးဆိုရင် အဓိပ္ပါယ် မရှိဘူး”