အလှစိုက် ပန်းပင်များအနက် သစ်ခွနှင့် အောင်သပြေ လူကြိုက်များ

0
957

ထိုင်းနိုင်ငံမှ သယ်ယူရောင်းချသည့် အလှစိုက် ပန်းပင်များတွင် သစ်ခွအမျိုး အစားများနှင့် အောင်သပြေပန်းပင်တို့မှာ လူကြိုက်များပြီး အများဆုံးရောင်းရ ကြောင်း ထားဝယ်မြို့ရှိ သီးပင်စားပင်၊ ပန်းပင်၊ ပျိုးပင် အရောင်းဆိုင် ဈေးကွက် အတွင်းမှ သိရသည်။

သီးပင်စားပင် ပန်းပင်နှင့် သစ်ခွ အမျိုးမျိုးကို ထိုင်းနိုင်ငံမှသယ်ယူရောင်း ချပြီး အပင်မျိုးပေါင်း ၁၀၀ ကျော်တွင် သစ်ခွပန်းပင်နှင့် အောင်သပြေမှာ လူ ကြိုက်အများဆုံးဖြစ်ကြောင်း ပန်းပင် နှင့် ပျိုးပင်ရောင်းချသူများက ပြောသည်။

“သစ်ခွမှာဆို ကက်တလီယာ၊ ဗင်ဒါအရောင်းရဆုံးပဲ။ အောင်သပြေပန်း ပင် ကတော့ ရာသီမရွေး ရောင်းရတယ်။ သီးပင်စားပင်မှာဆို ဒူးရင်း၊ ကြက် မောက်၊ အဲဒါတွေ ရောင်းရအများဆုံးပဲ”ဟု ထားဝယ်မြို့ရှိ စိုးချစ်သူ ပန်းမျိုးစုံနှင့် ပျိုးပင်အမျိုးမျိုး အရောင်းဆိုင်မှ ဦးမြင့်စိုးက ပြောသည်။

သစ်ခွပန်းများကို ထားဝယ်ဒေသ သို့လာရောက်သည့် ဘုရားဖူး ဧည့်သည် များ အများဆုံး ဝယ်ယူကြကြောင်း ပန်း ပင်နှင့်ပျိုးပင် အရောင်းဆိုင်များထံမှ သိရသည်။
သစ်ခွပန်းတွင် အမျိုးအစားအမျိုး မျိုးရှိပြီး အမျိုးအစားအလိုက် တစ်အိုး လျှင် ကျပ် ၂၀၀၀ မှ ကျပ် ၁၅၀၀၀ အထိ ဈေးရှိကြောင်း ယင်းဆိုင်များထံမှ သိရသည်။
အောင်သပြေပင်များမှာမူ အပင် အကြီးအသေးနှင့် အမျိုးအစားအလိုက် တစ်အိုးလျှင် ကျပ်၂၀၀၀ မှကျပ် ၁၅၀၀၀ ပင် ဈေးရှိကြောင်း အထက်ပါအရောင်း ဆိုင်များထံမှ သိရသည်။