ထားဝယ်မြို့တွင် ကွန်ကရစ်လမ်းပေါင်းလေးဆယ် သုံးလအတွင်းအပြီး ခင်းမည်

0
489

ထားဝယ်မြို့တွင် ကွန်ကရစ်လမ်း ပေါင်း လေးဆယ်ကျော်ကို အချိန်သုံးလ အတွင်း အပြီးခင်းမည်ဖြစ်ကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိ ရသည်။
ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကာလ အတွင်း ကွန်ကရစ်လမ်း ၄၀ ခင်းမည် ဖြစ်ပြီး လမ်းအများစုက ၁၂ ပေ အကျယ် ရှိကြောင်း စည်ပင်အဖွဲ့၏ စာရင်းများ အရ သိရသည်။

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၏ ယခုဘဏ္ဍာနှစ် သုံးလပတ် တွင် လုပ်ဆောင်မည့် လုပ်ငန်းများတွင် ကွန်ကရစ်လမ်း ၄၀ လမ်း၊ ကတ္တရာလမ်း ၅ လမ်း၊ တံတား ၁၁ စင်းနှင့် အခြား လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါစာရင်းတွင် ဖော်ပြထားသည်။
မြို့နယ်စည်ပင်အဖွဲ့က သုံးလတာ ကာလအတွင်း ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်ကို အသုံးပြုကာ အထက်ပါလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း စည်ပင်အဖွဲ့ထံမှ သိရ သည်။
ယခင် လမ်းအကျယ်ပေ ၅၀ ခန့်ရှိ သည့် လမ်းကို ၁၂ ပေ လမ်းခင်းခြင်းက ကျယ်ဝန်းသည့်လမ်းက ကျဉ်းမြောင်း သွားစေကြောင်း ထားဝယ်မြို့ ဒေါင်းငူ တံငါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်က ဆိုသည်။

“ကွန်ကရစ်လမ်းခင်းမယ်ဆို နဂိုရှိနေတဲ့ လမ်းအကျယ်ကိုကြည့်ပြီး ခင်းသင့်တယ်”ဟု ဦးစိုးထိုက်က ပြော သည်။
ရပ်ကွက်အတွင်း လမ်းခင်းပါက ရပ်ကွက်နေပြည်သူများပါဝင်သည့် လမ်းကော်မတီများဖွဲ့စည်းရန်လိုအပ် ပြီး စည်ပင်အဖွဲ့နှင့် ပူးပေါင်းကာ အကြံ ဥာဏ်များ၊ လိုအပ်ချက်များကို ပြောဆို နိုင်ကြောင်း ထားဝယ်မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။
“အရည်အသွေးမပြည့်မီဘူးဆိုရင် ပြောပါ၊ ပြောလို့မှ လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင် ထပ်ဆင့်ပြီး ကျွန်တော်တို့ ကို ပြောပါ၊ ဖုန်းဆက်ပါ ဆက်သွယ်ပါ” ဟု အမှုဆောင်အရာရှိက ပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့အတွင်း ငွေကျပ်သိန်းပေါင်း သုံးသောင်းကျော် သုံးစွဲမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။