လူငယ်စင်တာ လျာထားမြေနေရာ မြို့ မှ မိုင် ၄၀ ကျော်ဝေး

0
503

ထားဝယ်မြို့မှ ၄၂ မိုင်ခန့်အကွာ ရေဖြူမြို့နယ် ကျောက်ရှပ်ကျေးရွာတွင် လူငယ်စင်တာ၊ အား/ကာသိပ္ပံ၊ မူးယစ်ဆေးဖြတ် ပြန်လည် ထူထောင်ရေး စခန်း အစရှိသည့် နေရာများအတွက် တိုင်းအစိုးရက လျာထားပြင်ဆင် နေသည်။
ကျောက်ရှပ်ရွာရှိ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေပေါ်တွင် အားကစား နှင့် ကာယပညာသိပ္ပံကျောင်း တည် ဆောက်ရန် မြေ ၅၀ ဧက၊ မူးယစ်ဆေး ဖြတ် ပြန်လည်ထူထောင်ရေးစခန်း အတွက် ၅ ဧကနှင့် တိုင်းဒေသကြီးလူငယ် စင်တာအတွက် မြေ ၃ ဧကကို တိုင်းအစိုး ရအဖွဲ့က လျာထားနေခြင်း ဖြစ်သည်။

ယင်းအနက် လူငယ်စင်တာကိစ္စ မှာ ထားဝယ်မြို့နေ လူငယ်ထုကြား ပွက်လော အရိုက်ဆုံး ဖြစ်သည်။
တပ်မတော်အစိုးရလက်ထက် တက္ကသိုလ်များ ထားဝယ်မြို့ပြင် ထုတ်စဉ်က မြို့နှင့်အဝေးဆုံး တက္ကသိုလ် မှာ ၈ မိုင်ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုတိုင်းအစိုးရလျာထားသည့် လူငယ်များအတွက် နေရာများမှာ မြို့နှင့် မိုင် ၄၀ ကျော်အထိ ဝေးကွာနေခြင်း ဖြစ်သည်။
အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေ နေရာက ကျောက်ရှပ်ကျေးရွာတွင်သာရှိသည့်အတွက် အဆိုပါကျေးရွာတွင် လျာထားခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် ဝန်ကြီး ဦးဟိုပင်က ဆိုသည်။
လူငယ်စင်တာနေရာအတွက် အတည် မပြုရသေးသော်လည်း အား/ကာ သိပ္ပံ အတွက် မြေနေရာကို အတည်ပြုပြီးဖြစ်ပြီး ပြည်ထောင်စုအစိုးရ ရန်ပုံငွေဖြင့် တည် ဆောက်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးဟိုပင်က ဆိုသည်။

လူငယ်စင်တာအတွက် မြေနေရာ စီစဉ်နေခြင်းကို ကြိုဆိုသော်လည်း မြို့ နှင့် အလှမ်းဝေးပြီး လူငယ်အများစုလေ့ လာ သင်ယူနိုင်ရန်ခက်ခဲသည့် နေရာ ဖြစ်ခြင်း၊ ကော်မတီက တောင်းဆိုထား သည့် မြို့ပြနေရာနှင့် ဝေးကွာခြင်းများ ကြောင့် လက်မခံနိုင်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကိုယ်စားပြု ပြည်ထောင် စုလူငယ်ကိုယ်စားလှယ် ကိုဟိန်းထက်က ဆိုသည်။
ယင်းအတွက်ကြောင့် တိုင်းလူငယ် ကော်မတီအနေဖြင့် တိုင်းအစိုးရနှင့် ပြန် လည်ညှိနှိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စင်တာဆိုတာက မြို့ပြနဲ့ အနီး ဆုံးနဲ့ လူငယ်အတော်များများ လက် လှမ်းမီပြီး သွားလာနိုင်တဲ့နေရာက ပို သင့်တော်တယ် ဆိုတာကို ပေါ်လစီအနေ နဲ့ ပြောနေရတာပါ”ဟု ကိုဟိန်းထက်က ပြောသည်။

လူငယ်စင်တာနေရာအတွက် တိုင်း ဒေသကြီးလွှတ်တော်နံဘေးရှိ ကွင်းပြင် ကို အသုံးပြုခွင့်ပေးရန် အဆိုပြုခဲ့ဖူး ကြောင်း ၎င်းက ဆိုသည်။
လူငယ်စင်တာသည် အားကစား၊ ယဉ်ကျေးမှုနှင့် အခြားသင်တန်းများကို ပို့ချသည့် နေရာဖြစ်ပြီး လူငယ်များသင် ယူလေ့လာနိုင်ရန်နှင့် အခွင့်အလမ်း၊ အခွင့်အရေးများ ဖန်တီးပေးသည့် နေရာ တစ်နေရာလည်း ဖြစ်ကြောင်း ကိုဟိန်းထက်က ဆိုသည်။
လူငယ်စင်တာအတွက် ယင်းကျေး ရွာတွင် မြေနေရာရှိ/မရှိကို ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးကို စိစစ်ခိုင်းထား သည့် အဆင့်သာ ရှိသေးပြီး မြေနေရာရရှိ ပါက သင့်တော်မှုရှိ/မရှိကို လူငယ်ကော် မတီတွင် ပြန်လည်ဆွေးနွေးရမည်ဖြစ် ကြောင်း ဝန်ကြီးဦးဟိုပင်က ပြောသည်။
“ချပေးတဲ့နေရာကို သူတို့နဲ့ (ကော် မတီ) ဆွေးနွေးမယ်လေ၊ တောင်းထားတဲ့ သုံး ဧကဆိုတာ ဒီနေရာပဲရှိတယ်၊ ဒီနေ ရာပဲ သင့်တော်၊ မတော် ပြန်ဆွေးနွေးရ မယ်”ဟုတိုင်းဒေသကြီးဝန်ကြီး ဦးဟိုပင် က ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး လူငယ် ရေးရာကော်မတီတွင် ဝန်ကြိးဦးဟိုပင်က ဥက္ကဋ္ဌ တာဝန်ယူထားသည်။
ထို့အပြင် အား^ကာသိပ္ပံနေရာ သည်လည်း မြို့နှင့် ဝေးလွန်းသည်ဟု ထောက်ပြကြသည်။
အား/ကာ သိပ္ပံကျောင်းတွင် တက် ရောက်သင်ကြားသည့် ၈၊ ၉၊ ၁၀ တန်း ကျောင်းသားများအား ဘောလုံး၊ ဘတ်စ ကက်ဘော၊ ဘော်လီဘော၊ ရေကူး အစရှိ သည့် ၎င်းတို့ဝါသနာပါသည့် အားက စားနည်းများနှင့် ကျောင်းသင်ခန်းစာကို တွဲဖက်သင်ကြားမည် ဖြစ်သည်။
ကျောင်းသားမိဘအချို့ကမူ မြို့ နှင့် ဝေးလွန်းသည့်နေရာတွင် ကျောင်း အိပ်ကျောင်းစား ထားရမည်ကို စိတ်မချ နိုင်ကြကြောင်း ဖွင့်ဟလာကြသည်။
အားကစားဝါသနာပါသည့် သမီး ငယ်အား အား/ကာ သိပ္ပံတွင် ထားလို သော်လည်း သွားလာရအလှမ်းဝေးလွန်း သည့် နေရာတွင်ထားရမည်ဆိုက စိတ်မ ချနိုင်ဖြစ်နေရမည်ဟု လောင်းလုံးမြို့နယ် မဲမော်ကျေးရွာမှ ဒေါ်သန်းအေးက ပြော သည်။

ဒေါ်သန်းအေးသည် ယခုနှစ် အောက်တိုဘာလနှောင်းတွင် ကျင်းပ မည့် တိုင်းနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရန် ရွေးချယ်ခြင်းခံရသူ သတ္တမတန်း ကျောင်းသူ၏ မိခင် ဖြစ်သည်။
အား/ကာသိပ္ပံနှင့် လူငယ်စင်တာ ကဲ့သို့ လူငယ်များနှင့် သက်ဆိုင်သည့် နေရာမျိုးကို အချက်အခြာကျသည့် မြို့ပတ်ဝန်းကျင်တွင် လုပ်ဆောင်သင့် ကြောင်း ထားဝယ်မြို့နေ လူငယ်တစ်ဦး ဖြစ်သူ ကိုစည်သူနိုင်က ဆိုသည်။
“လူငယ်တွေကို မြို့ပြင်ကို ပို့တယ် ဆိုတာကြီးက လက်ရှိအစိုးရသစ် လက် ထက်မှာ လုံးဝ မဖြစ်သင့်ဘူး။ လူငယ် တွေအနေနဲ့လည်း အစိုးရက အဲလိုပို့ဖို့ အစီအစဉ်မျိုး ရှိနေတာကို ကန့်ကွက်တဲ့ သဘောထားမှတ်ချက်တွေ ပေးဖို့လို မယ်”ဟု ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုဇင် မောင်ဖြိုးက ပြောသည်။