လောင်းလုံးတွင် (OSS) ရုံးလုပ်ငန်းများ ကွင်းဆင်းဝန်ဆောင်မှုပေး

0
565

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို ပြည့်သူ့ဝန်ဆောင်မှုရုံး (OSS)တွင် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကို အောက်တိုဘာလ ဒုတိယအပတ်မှ စတင်ကာ ကွင်းဆင်းဝန်ဆောင်မှုလျက်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ယင်း (OSS) ရုံးမှ ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် အိမ်ထောင်စု စာရင်းလျှောက်ထားခြင်း၊ စက်လှေ ဂရမ် များလျှောက်ထားခြင်း စသည့်ကွင်း ဆင်းဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်း အချို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။
“တစ်လကို အနည်းဆုံးနှစ်ကြိမ် လောက်ပေါ့ ကွင်းဆင်းလုပ်ပေးမှာပေါ့။ လုပ်ပေးလို့ရတာ အားလုံး လုပ်ပေးမယ်။ တချို့ကျတော့ လုပ်ငန်းသဘောအရ ကွင်းဆင်းလုပ်ပေးလို့ မရတာတွေလည်း ရှိတယ်လေ”ဟု ဦးကျော်သူက ဆိုသည်။

ယင်းကဲ့ကွင်းဆင်းလုပ်ပေးနိုင် ခြင်းမရှိသည့် လုပ်ငန်းများကိုမှု ဥှ ရုံးတွင် လာရောက်လုပ်ဆောင်နိုင်ရန် ကြိုတင်စာရင်းပေးနိုင်ကြောင်း ဦးကျော်သူက ပြောသည်။။
ယခုလအတွင်း လောင်းလုံးမြို့နယ် ကျောက်မတ်တပ်ကျေးရွာသို့ ကွင်းဆင်း ပြီး စက်လှေဂရမ်များ ထုတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။
ယင်းပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် မြို့နယ်အဆင့် ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ လျှပ်စစ်ဌာန စသည်ဖြင့် ဌာနဆိုင်ရာ ဆယ်ခုက ဝန်ဆောင်မှုပေးလျက်ရှိသည်။