ထားဝယ် ဖာလာဈေးကွက် အခြေအနေမဟန်

0
443

ယခုနှစ် ထားဝယ်ဈေးကွက်တွင် ဖာလာကို အဓိက ဝယ်ယူသူမရှိဘဲဖြစ်နေ သည့်အတွက် ဈေးကွက် အခြေအနေမ ဟန်ဟု ပွဲရုံလုပ်ငန်းရှင်အချို့က ပြော သည်။
ဖာလာကို ပျမ်းမျှအားဖြင့် စက်တင် ဘာလမှ နိုဝင်ဘာလအထိ သုံးလသာ ခူးဆွတ်ကြပြီး အောက်တိုဘာလလယ် အထိ တရားဝင် ဈေးမဖွင့်သေးခြင်းနှင့် တရုတ်ကုန်သည်များ လာရောက် မဝယ် ယူခြင်းတို့ကြောင့် ဈေးကွက်ပျောက်နေ ခြင်းဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များက ဆို သည်။
ဖာလာကို တရုတ်ကိုယ်စားလှယ် များမှ ဝယ်ယူ၍ တရုတ်ပြည်သို့ တင်ပို့ ကာ ဟင်းခတ်အမွှေးအကြိုင်ပြုလုပ်ရာနှင့် ဆေးဝါးတွင်လည်း အသုံးပြုကြောင်း မြန်မာပြည်တွင်းတွင်လည်း အသုံးပြု ကြောင်း ဖာလာရောင်းဝယ်သူများထံမှ သိရသည်။

ယခင်နှစ်က ထားဝယ်ဈေးကွက် တွင် တရုတ်ကုန်သည်များ ဖာလာကို အလုအယက် ဝယ်ယူခဲ့ခြင်းကြောင့် ဈေး ကောင်းခဲ့သော်လည်း ယခုနှစ်တွင်မူ တရုတ်ကုန်သည်များက တရားဝင်ဈေး မဖွင့်သေးသည့်အပြင် လာရောက်ဝယ်ယူ ခြင်းမျိုးလည်း မရှိသေးကြောင်း ဖာလာ အရောင်းအဝယ် လုပ်သည့် ထားဝယ်ပွဲရုံ အချို့ထံမှ သိရသည်။
“မနှစ်က ဝယ်သမား တအားဆင်း တာ။ လုဝယ်ကြတယ်။ မနှစ်က တရုတ် ကုန်သည်တွေ လက်ထဲမှာ လက်ကျန် ဖာလာ မရှိတော့ အစောကြီးဆင်းလာ ဝယ်ကြတယ်။ ဒီနှစ်က တရုတ်ကုန်သည် တွေ လက်ထဲမှာရော ပွဲရုံတွေမှာပါ မနှစ် က လက်ကျန်ဖာလာတွေ ကျန်နေသေး တယ်” ဟု APK ပွဲရုံပိုင်ရှင် ဦးထွန်းလှ က ဆိုသည်။

တရားဝင် ဈေးမဖွင့်သေးသည့်အ တွက် ပွဲရုံပိုင်ရှင်များက ဒေသခံတောင်သူ များထံမှ ဖာလာကို ဈေးထိန်း၍ ဝယ်ယူ နေရကြောင်း ဦးထွန်းလှက ဆိုသည်။
“မနှစ်က လုဝယ်လို့ ဈေးတက်လာ တာ၊ သည်နှစ်က ဝယ်လိုအားနည်းတော့ ဈေးက မတက်လာဘူး”ဟု ရွှေကျီးပွဲရုံ ပိုင်ရှင် ဒေါ်သန်းသန်းခိုင်က ဆိုသည်။
၂၀၁၇ ခုနှစ်တွင် အမြင့်ဆုံးဈေးနှုန်း များအဖြစ် အခွံဖာလာအခြောက် ၁ ပိဿာလျှင် ၁၃၅၀၀ ကျပ်ခန့်၊ ဖာလာ အစိမ်းမှာ ၁ပိဿာလျှင် ၈၅၀ ကျပ် ခန့်၊ အစေ့ဖာလာ ၁ ပိဿာလျှင် ၂၄၀၀၀ ကျပ် ခန့် အထိ ဈေးရှိခဲ့ကြောင်း ဖာလာလုပ် ငန်းလုပ်ကိုင်သည့် ပွဲရုံအချို့ထံမှ သိရ သည်။
ယခုနှစ်တွင်မူ အခွံဖာလာအခြောက် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်ခန့်၊ အခွံဖာ လာ အစိမ်း ၁ ပိဿာလျှင် ၈၀၀ ကျပ်ခန့် နှင့် အစေ့ဖာလာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ခန့်သာ ဈေးရှိကြောင်း အထက်ပါ ပွဲရုံများထံမှ သိရသည်။