တို့ချစ်တဲ့ထားဝယ် အပျော်တမ်း ဓာတ်ပုံပြိုင်ပွဲ စတင်

0
339

တို့ချစ်တဲ့ထားဝယ် We Love Dawei ပွဲစီစဉ်သူများက တို့ချစ်တဲ့ ထားဝယ် အပျော်တမ်းဓါတ်ပုံပြိုင်ပွဲကို ယခုအပတ်တွင် စတင်လိုက်ပြီဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများက ထားဝယ် ဒေသ၏ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည် မှု၊ အသက်မွေးဝမ်းကြောင်း၊ ခရီးသွား လုပ်ငန်း၊ လူမှုရေးနှင့်သဘာပတ်ဝန်း ကျင် စသည်တို့ကို ဖော်ကျူးရိုက်ကူးထား သော ပုံများဖြင့် ဝင်ရောက်ယှဉ်ပြိင်ရမည် ဖြစ်သည်။

ဓါတ်ပုံများကို dk We Love Dawei photo contest သို့ ပေးပို့ရမည် ဖြစ်ပြီး ပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်များ ကို ယင်းဖေ့ဘုတ်ပေ့ခ်ျတွင် ဖော်ပြထား သည်။
“ထားဝယ်ဒေသမှာ ရိုက်ကူးထား တဲ့ ဘယ်လိုပုံမျိုးမဆို ပို့လို့ရတယ်၊ ဘယ်နိုင်ငံသားမဆို ပို့နိုင်တယ်”ဟု တို့ချစ်တဲ့ထားဝယ်ပွဲစီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုအောင်လွင်က ပြော သည်။

ပြိုင်ပွဲဝင်ဓါတ်ပုံများကို We Love Dawei နှင် We Love Dawei photo contest ဖေ့ဘုတ်ပေ့ခ်ျ တို့တွင် ဖော်ပြ ပေးသွားမည်ဖြစ်ပြီး ပရိသတ် Like နှင့်Share အများဆုံး ပုံ ၂၀ ကို ရွေးချယ်ကာ လာမည့် ဒီဇင်ဘာလဆန်းတွင် ကျင်းပ ရန်ရှိသော တို့ချစ်တဲ့ထားဝယ်ပွဲတွင် ပြ သသွားမည် ဖြစ်သည်။

တို့ချစ်တဲ့ ထားဝယ် We Love Dawei ပွဲတော်ကို ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ထိုင်းနိုင်ငံနှင့် ထားဝယ်မြို့တို့တွင် ၃ ကြိမ် ကျင်းပခဲ့ဖူး ပြီး ယခုအကြိမ်ကို ဒီဇင်ဘာ ၈ ရက်နေ့ နှင့် ၉ ရက်နေ့တို့တွင်မောင်းမကန် ကမ်းခြေ၌ ကျင်းပရန် လျာထားသည်ဟု ဦးအောင်လွင်က ပြောသည်။