အရက်မူးနေသည့် မိခင်ဖြစ်သူက နှစ်လသားအား ရိုက်သတ်

0
446

ပုလောမြို့နယ်၊ တောင်ယာကမ်း ကျေးရွာအုပ်စုတွင် အောက်တိုဘာလ ၁၈ ရက် ညနေပိုင်းက အရက်မူးနေ သည့် မိခင်က နှစ်လအရွယ်ရှိ သားငယ် ကို ရိုက်သတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အသက် ၂၅ နှစ်အရွယ်ရှိ အရက်မူး နေပြီး အဝတ်အစားမရှိသည့် မိခင်ဖြစ်သူ က နှစ်လသားအရွယ် သားဖြစ်သူကို ကျောကုန်းပေါ်တွင် ဇောက်ထိုးအနေ အထားဖြင့် ကုန်းပိုးပြီး ရွာလမ်းအတိုင်း သွားနေကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ရွာအတွင်း တစ်နေရာအရောက်တွင် ဘဲစာကျွေးမည့် ငါးပုံးနှစ်လုံးတင်ဆောင် လာသည့် ဆိုင်ကယ်စီး အမျိုးသားတစ်ဦး အား အော်ဟစ်ပြောဆိုပြီး ဇောက်ထိုးဆွဲကိုင်ထားသည့်သားဖြစ်သူကို ကိုင်၍ (တုတ်ကဲ့သို့) အထက်ပါ အမျိုးသားအား လွှဲရိုက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ဆိုင်ကယ်စီးအမျိုးသားက ရှောင် တိမ်းလိုက်ရာ ကလေးနှင့် ဆိုင်ကယ် အရှေ့တွင် တင်လာသည့် ငါးပုံးကို ရိုက်မိခဲ့ပြီး နောက်တစ်ကြိမ်ထပ်ရိုက်ရာ ဆိုင်ကယ်အနောက်ရှိ ငါးပုံးနှင့် ထပ်မံ ရိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။
တတိယအကြိမ် ထပ်ရိုက်ရာ ကလေးက မိခင်ဖြစ်သူလက်မှ လွတ် ထွက်သွားပြီး မြေကြီးပေါ်သို့ လွင့်စင်ကျ သွားခဲ့ပြီးနောက် သားဖြစ်သူကို ကောက် ယူသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
အဆိုပါ အမျိုးသမီးနေထိုင်သည့် အိမ်ကို အခြားသူများနှင့်အတူ သွား ရောက်ကြည့်ရှုရာ အရက်မူးနေသည့် မိခင်ကို အိမ်အောက်အဝင်ဝတွင် အဝတ် ဗလာဖြင့် တွေ့ရပြီး ၂ လသားအရွယ် ကလေးမှာ နေအိမ်လှေကားရင်းတွင် ဦးခေါင်းချိုင့်ဝင်ဒဏ်ရာ၊ ကျောကုန်းပွန်း ပဲ့ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ အမျိုးသမီး၏ အမျိုးသား ဖြစ်သူက ထိုင်းနိုင်ငံတွင် အလုပ်သွား လုပ်နေသည်ဟု သိရပြီး လက်ရှိတွင် အသေးစိတ်စစ်မေး၍ မရသေးကြောင်း ပုလောမြို့မရဲစခန်းမှူးက ဆိုသည်။
“ရွာမှာ စုံစမ်းကြည့်တော့ အရက် အလွန်အကျွံသောက် သောက်ရင် သွေး ဆိုးတယ်လို့ သိရတယ်”ဟု စခန်းမှူးက ပြောသည်။
အရက်မူးကာ သားဖြစ်သူအား ရိုက်နှက်လွှင့်ပစ်ခဲ့သည့် အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ပုလော မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရ သည်။