သီတင်းကျွတ်ကာလတွင် မြန်မာ့ရိုးရာခြင်းလုံး အလှခတ်ပွဲ ကျင်းပမည်

0
419

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၃ ရပ်ကွက်တွင် သီတင်းကျွတ် ကာလတွင် မြန်မာ့ရိုးရာခြင်းလုံးအလှ ခတ်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း အင် ကြင်းခိုင်ရိုးရာခြင်းလုံး အဖွဲ့ခေါင်းဆောင် ဆရာရွှေထံမှ သိရသည်။

မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ်ပွဲကို အောက်တိုဘာလ ၂၂ ရက်မှ ၂၃ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း အင် ကြင်းခိုင် ရိုးရာခြင်းလုံးအဖွဲ့ထံမှ သိရ သည်။
“လူငယ်တွေလည်း ဝါသနာရှိလာ အောင် အရပ်ထဲမှာ ဝိုင်းခြင်းငယ်တစ်ခု အနေနဲ့ ပြုလုပ်ပေးတာပါ” ဟု ဆရာရွှေ က ပြောသည်။

မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပွဲ တော်တွင် ပန်းချီငို၊ အင်ကြင်းခိုင်၊ ဂိုးဒင်းခြင်းလုံး၊ အိမ်ရှင်လူငယ်များ၊ မြန်မာတို့ရဲ့ရိုးရာ၊ ဗဟိုခြင်းရုံ(မြိတ်)နှင့် မဟာခြင်းလုံး စသည့် ခြင်းလုံးအဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း အင်ကြင်းခိုင် ရိုးရာခြင်းလုံးအဖွဲ့မှ သိရသည်။