သီတင်းကျွတ် ပွဲတော်ကာလ မိုးရွာသွန်းနိုင်

0
424

သီတင်းကျွတ်ပွဲတော်ကာလတွင် တနင်္သာရီတိုင်း၌ မိုးရွာသွန်းနိုင်ခြေရှိ ကြောင်း တိုင်းမိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြောသည်။
သီတင်းကျွတ်ကာလအတွင်း ပါ ဝင်သည့် အောက်တိုဘာလ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် အနည်းငယ် ရွာသွန်းနိုင်ခြေရှိကြောင်း တိုင်းမိုးလေ ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးဟန်ဝင်းအောင်က ပြော သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် အရှေ့လေပွေလှိုင်းတစ် ခု ဖြတ်သန်းလာမှုကြောင့် မုန်တိုင်းဖြစ် နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဦးဟန်ဝင်းအောင်က ယင်းသို့ ခန့်မှန်း ပြောဆိုခြင်း ဖြစ်သည်။
“အဲဒီမုန်တိုင်းကြောင့် တနင်္သာရီ တိုင်းကတော့ အရှိန်ခတ်ပြီး မိုးအနည်း ငယ်ရွာနိုင်တာပေါ့။ အဓိကကတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တောင် ပိုင်းတွေပေါ့” ဟု ဦးဟန်ဝင်းအောင်က ဆိုသည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အောက်တိုဘာလ ၁၈ ရက်က ထုတ်ပြန်သည့် ဆယ်ရက်တာ မိုးလေ၀သ ခန့်မှန်းချက်တွင်လည်း တနင်္သာရီတိုင်းအတွင်း လေးရက်မှ ငါးရက်ခန့် မိုးရွာနိုင်ကြောင်း ထုတ်ပြန် ထားသည်။
ယင်းကာလသည် ရက်ရှည်ရုံးပိတ် ရက်ဖြစ်သောကြောင့် ပင်လယ်ကမ်းခြေ ကို ခရီးသွားမည့်သူများ သတိထား သွား လာကြရန် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က နှိုးဆော်ထား သည်။

မိုးရွာသွန်းနိုင်