တနင်္သာရီကမ်းလွန်ရေနံလုပ်ကွက်သစ် လာမည့်နှစ် စမ်းသပ်တူးဖော်မည်ဟုဆို

0
392

တနင်္သာရီကမ်းလွန်ရှိ ရေနံလုပ် ကွက်သစ်တွင် လာမည့်နှစ် ဧပြီလ အတွင်း ရေနံစမ်းသပ်တူးဖော်မည် ဖြစ် ကြောင်း ကနေဒါအခြေစိုက် ကုမ္ပဏီတစ် ခုဖြစ်သည့် CFG Energy Pte.Ltd ၏ မြန်မာဌာနေတာဝန်ခံ ဦးကျော်မိုးက ပြောသည်။
မြိတ်မြို့၊ ကမ်းနားလမ်းရှိ ပုလဲ ရတနာခန်းမတွင် အောက်တိုဘာလ ၁၈ ရက်က ယင်းကုမ္ပဏီမှ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြိတ်မြို့မှ မိုင် ၁၅၀ ခန့် ဝေးသည့် ကျွန်းစုမြို့နယ် ရေပိုင်နက်အတွင်းရှိ ကမ်းလွန်လုပ်ကွက်အမှတ် ၁၅ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ် တူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နိုင် ရန် မြေပြင်တွင်စမ်းသပ် တိုင်းထွာမှု အချို့ ပြုလုပ်ထားပြီးဖြစ်ကြောင်း ဦးကျော်မိုးက ပြောသည်။
ယင်းကြောင့် နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းနှင့် လူထုတွေ့ဆုံပွဲများ ပြုလုပ်ပြီး ခွင့်ပြုချက်ရရှိပါက ၂၀၁၉ ဧပြီလ၌ စတင်စမ်းသပ် တူးဖော်သွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံPetronas ကုမ္ပဏီ ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် PC Myanmar ကုမ္ပဏီကလည်း တနင်္သာရီကမ်းလွန်တွင် ရေနံတွင်း အသစ်ထပ်မံတူးဖော်ရန် ကြိုးပမ်းလျက် ရှိပြီး ၎င်းတို့တူးဖော်မည့်နေရာသည် ဒေသခံများ၏ အဓိက ငါးဖမ်းလုပ်ကွက် အတွင်း ကျရောက်နေသည့်အတွက် ဒေသခံရေလုပ်သားများက ကန့်ကွက် ထားကြသည်။
သို့သော် ယခုလာရောက်တူးဖော် မည့် ကုမ္ပဏီကိုမူ ကန့်ကွက်ရန် အကြောင်းမရှိဟု မြိတ်ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး က ပြောသည်။
“သူတို့က(ရေအနက်)မီတာ ၂၀၀၀ လောက်မှာ တူးမှာဆိုတော့ ဒေသခံငါး လုပ်ငန်းရှင်တွေအတွက် ထိခိုက်မှုမရှိ ဘူး၊ ကျွန်တော်တို့ ငါးဖမ်းလှေတွေက အဲဒီလောက်အထိ မသွားဘူး”ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းရှိ မြိတ်ဒေသသည် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းကြီးမြင့် မှုများရှိနေသည့်အတွက် တူးဖော်ရရှိလာ မည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များအား ဒေသတွင်းလျှပ်စစ်လိုအပ်ချက်များအတွက် ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ပြီး ပိုလျှံသည့် ဓာတ်ငွေ့များကို ကုန် ချောအဖြစ်ထုတ်လုပ်ကာ ပြည်ပနိုင်ငံ များသို့တင်ပို့ရောင်းချထားရန် စီစဉ် ထားကြောင်း ကုမ္ပဏီ၏ မြန်မာဌာနေ တာဝန်ခံ ဦးကျော်မိုးက ဆိုသည်။
င်္ဃွ ကုမ္ပဏီအနေဖြင့် M ၁၅ လုပ်ကွက်အောင်မြင်လျှင် ယင်းနှင့်တစ် ဆက်စပ်တည်းရှိ M ၁၆၊ M ၁၇ နှင့် M ၁၈ တို့တွင်လည်း ထပ်မံ၍တိုးမြှင့်လုပ်ဆောင်သွားရန် လျာထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။