မွန်အမျိုးသားပညာရေးဌာနက သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲ

0
688

မွန်ပြည်သစ်ပါတီအမျိုးသားပညာ ရေးဌာန ကွပ်ကဲမှုအောက်တွင် ရှိနေ သည့် မွန်အမျိုးသားပညာရေးကျောင်း များအတွက် သင်ရိုးညွှန်းတမ်းအသစ်များ ရေးဆွဲ လျက်ရှိကြောင်း မွန်အမျိုးသား ပညာရေးကော်မတီ၏ မွန်သင်ရိုးညွှန်း တမ်း ရေးဆွဲရေးအဖွဲ့ထံမှ သိရသည်။
မွန်အမျိုးသားပညာရေးဌာနတွင် သူငယ်တန်းမှ ၄ တန်းထိ သင်ရိုးညွှန်းတမ်း ရှိခဲ့ပြီး အဆိုပါ သင်ရိုးညွှန်းတမ်းများ သည် အညွှန်းဘောင် (Frame work) မရှိခဲ့ခြင်းနှင့် လွန်ခဲ့သည့်အနှစ် ၃၀ ကျော်က သင်ရိုးညွှန်းတမ်းများ ဖြစ်ခဲ့ သည့်အတွက် သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲနေခြင်း ဖြစ်သည်။
“Curriculum reform လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၆ ခုနှစ်ကနေစပြီး တော့ သင်ရိုးညွှန်းတမ်းအညွှန်းဘောင်ကို စဆွဲစလုပ်ခဲ့တယ်၊ အဲဟာကို ၁ နှစ် လောက်လုပ်ပြီးတော့ အကုန်လုံးပြီးသွား တယ်၊ အဲဒီသင်ရိုးညွှန်းတမ်း အညွှန်း ဘောင်အပေါ် အခြေခံပြီးတော့ မာတိကာ တို့ textbook တို့ကို ဆက်ရေးဆွဲခဲ့တယ်” ဟု မွန်သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့ ခေါင်းဆောင် မင်းအောင်ဇေက ပြောသည်။

အဆိုပါ သင်ရိုးညွှန်းတမ်းအသစ် ကို မြန်မာနိုင်ငံပညာရေးဌာနမှ ထုတ် ထားသည့်စာအုပ်အပြင် ထိုင်း၊ စင်္ကာပူ၊ ဩစတြေးလျ၊ အိန္ဒိယ၊ အမေရိကန် အစရှိသည့် နိုင်ငံအသီးသီးက ထုတ်လုပ် ထားသည့်စာအုပ်တို့ကို လေ့လာပြီး မိမိ တို့ပညာရေးနှင့် ကိုက်ညီသည့် စာများ ကို ကိုးကားကာ တိုင်းရင်းသားပညာရေး နှင့် ပတ်သက်သည့် ကျွမ်းကျင်ပညာရှင် တို့ဖြင့် ရေးဆွဲထားသည်ဟု မင်းအောင် ဇေက ပြောသည်။
မွန်အမျိုးသားပညာရေးဌာန အနေဖြင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံသင်သည့် ပညာရေး စနစ်ကို မူလတန်းထိသာ သင်ကြား သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရက ပညာရေးဌာနစနစ် ပြောင်းလဲထားတယ်၊ KG + ၁၂ ဆိုပြီးတော့။ ကျွန်တော်တို့လည်း အဲဒီ အတိုင်းသွားရမယ်။ ဒါမှလည်း ကိုက်ညီ မှာ ကိုက်ညီမှ ကျွန်တော်တို့ပညာရေး ကနေ အစိုးရပညာရေးကို သွားတဲ့အခါ မှာ အခက်အခဲမရှိမှာ”ဟု မင်းအောင်ဇေ က ပြောသည်။
သင်ရိုးညွှန်းတမ်းအသစ်တွင် မွန်၊ မြန်မာ၊ အင်္ဂလိပ်၊ သချာF၊ သိပ္ပံ၊ လူမှုရေး ဘာသာ၊ ကာယအစရှိသည့် ဘာသာရပ် ၁၀ ခုခန့်ပါရှိသည်ဟု မွန်အမျိုးသား ပညာရေးကော်မတီထံမှ သိရသည်။

လက်ရှိတွင် ပထမတန်းအတွက် ရေးဆွဲထားပြီးဖြစ်သည့်အတွက် ကျောင်းများတွင် စတင်အသုံးပြုနေပြီး ဒုတိယတန်းအတွက်ကို လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင် အသုံးပြုနိုင်ရန် ရေးဆွဲလျက်ရှိကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
မွန်အမျိုးသားပညာရေးဌာနကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများ သည် မိခင်ဘာသာစကားအခြေပြု သင် ကြားနေသည့်ကျောင်းများဖြစ်ပြီး ကျောင်းပေါင်း ၁၃၃ ကျောင်းတွင် ကျောင်းသား ၁၀၀၀၀ ကျော်ရှိကြောင်း မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။
၎င်းအပြင် အစိုးရကျောင်းနှင့် တွဲ ဖက် သင်ကြားသည့် မွန်စာပေသင် ကျောင်း ၉၂ကျောင်းတွင် ကျောင်းသားဦး ရေ ၁၄၀၀၀ ကျော်ရှိပြီး ကျောင်းဆရာ^ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြား လျက်ရှိသည်ဟု ယင်းကော်မတီထံမှသိ ရသည်။